ရန်ကုန်၊ ဖေဖော်ဝါရီ (၁၂) အာဏာသိမ်း စစ်ကောင်စီက ဦးဆောင် ကျင်းပပေးမယ့် ၂၀၂၃ ခုနှစ် ရွေးကောက်ပွဲမှာ နိုင်ငံနဲ့လူမျိုးအပေါ် သစ္စာစောင့်သိတဲ့ နိုင်ငံရေး ပါတီများသာ ပါဝင်ယှဉ်ပြိုင် ထမ်းဆောင်ခွင့်ရရှိရေး ကိစ္စရပ်တွေကို အကျယ်တဝံ့ အပြန်အလှန် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ပြီးဖြစ်တယ်လို့ ဆွေးနွေးပွဲမှာ ပါဝင်သူတချို့ဆီက သိရပါတယ်။

read more

ရန်ကုန်၊ဇန်နဝါရီ(၁၅) ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး ပတ်ဆိုခွန် ကအရင်ဘရူးနိုင်းကိုယ် စားလှယ်ရဲ့ချဉ်းကပ်မှုဟာ ဖြစ်ထွန်းမှုမရှိတဲ့အတွက် အရင်နဲ့မတူတဲ့ပုံစံမျိုးနဲ့မြန်မာနိုင်ငံရေးကိုဖြေရှင်းရာမှာ ချဉ်းကပ်မှာဖြစ်တယ်လို့ပြောဆို လိုက်ပါတယ်။ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌနိုင်ငံ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်ရဲ့ခရီးစဉ်နဲ့ ပတ်သက်ပြီး အာဏာသိမ်းစစ်ကောင်စီကို အသိအမှတ်ပြုသလို ဖြစ်သွားနိုင်တယ်လို့ ဝေဖန်မှုတွေရှိနေချိန်မှာ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန် ရဲ့ခရီးစဉ်နဲ့ ပတ်သက်ပြီး စိုးရိမ်မှုတွေရှိတယ်လို့ မလေးရှား နိုင်ငံခြားရေးဝန်ကြီးက ပြောဆိုလိုက်ပါတယ်။ ကမ္ဘောဒီးယားကို အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် သဘောတူပြီးသားပါ၊ မြန်မာကိုမသွားခင် တခြားအာဆီယံ ခေါင်းဆောင်တွေနဲ့ တိုင်ပင်ပြီးသူတို့အမြင်တွေကို မေးခဲ့ဖို့ကောင်းတယ်လို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဒါတွစ်ဆရီ ဆာအိဖက်ဒင် အဘ္ဘဒူလာ ကပြောပါတယ်။ ဘရူနိုင်းနိုင်ငံ အလှည့်ကျဥက္ကဋ္ဌ အဖြစ်ဆောင်ရွက်ချိန်က အာဆီယံအထူးကိုယ်စားလှယ် ‌စေလွှတ်ပြီး ဒေါ်အောင်ဆန်းစုကြည် နဲ့တွေ့ဆုံခွင့်တောင်းခံခဲ့ပေမယ့် စစ်ကောင်စီအဖွဲ့က တွေ့ဆုံခွင့်မပေးခဲ့တာကြောင့် ပြီးခဲ့တဲ့ အောက်တိုဘာလမှာ ကျင်းပတဲ့ အာဆီယံအစည်းအဝေးမှာ စစ်ခေါင်းဆောင် ကိုတက်ရောက်ခွင့်မပြုခဲ့တာဖြစ်ပါတယ်။…

read more

ရန်ကုန်၊ ဇန်နဝါရီ(၁၂) အာဏာသိမ်းစစ်တပ် က အကျည်းထောင် တွေ၊ သူ့တို့စိတ်တိုင်းကျ နေရာတွေမှာ စီစဉ်ထားတဲ့ အထူးတရားရုံး တွေ၊ သူတို့လက်အောက်ခံ တရားသူကြီးတွေနဲ့ စီရင် အမိန့်ချနေတဲ့ တရားရုံးတွေဟာ တရာဥပဒေစိုးမိုးရေး ကို ဖျက်ဆီးနေတာ လို့ ဥရောပသမဂ္ဂ ကပြောပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကို အာဏာသိမ်းစစ်ကောင်စီ အဖွဲ့က ဇန်နဝါရီလ (၁၀) ရက်နေ့ မှာ နောက်ထပ် ထောင်ဒဏ်(၄) နှစ်ချမှတ်ခဲ့တာ နဲ့ ပတ်သက်ပြီး ကန့်ကွက်တယ်လို့ ဥရောပသမဂ္ဂက မနေ့က သဘောထား ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကို မတရားအမိန့် ချမှတ်လိုက်တာ နဲ့ ပတ်သက်ပြီး အဲ့ဒီတရားစီရင်မှုဟာ နိုင်ငံရေးအရ လှုံ့ဆော်မှုသာဖြစ်ပြီး တရားဥပဒေစိုးမိုးရေး ဖျက်ဆီးခြင်း ကို ဦးတည်နေတဲ့ နောက်ထပ်ခြေလှမ်း…

read more

ရန်ကုန်၊ဇန်နဝါရီ(၁၀) အာဏာသိမ်းစစ်ကောင်စီ က စီစဉ်ထားတဲ့ အထူးတရားရုံး ကနေ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကို ဒီနေ့မှာ ထောင်ဒဏ်(၄) နှစ်ထပ်မံအမိန့်ချမှတ်လိုက်တယ်လို့ တရားရုံးနဲ့ နီးစပ်တဲ့အသိုင်းအဝိုင်းဆီက သိရပါတယ်။ ပို့ကုန်သွင်းကုန်ဥပဒေ ပုဒ်မ (၈) အတွက် ထောင်ဒဏ် (၂) နှစ်၊ ဆက်သွယ်ရေး ဥပဒေ ပုဒ်မ (၆၇) အတွက် ထောင်ဒဏ် (၁)နှစ်၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခံခန်ခွဲ့မှု ဥပဒေ အတွက် (၂) နှစ် စုစုပေါင်း (၅) နှစ်ချမှတ်ခဲ့တာ ဖြစ်ပေမယ့် ပို့ကုန်-သွင်းကုန် နဲ့ ဆက်သွယ်ရေး ဥပဒေ ပုဒ်မ အတွက်ပြစ်ဒဏ်တွေကို တစ်ပေါင်းတည်းကျခံစေဖို့ အမိန့်ချမှတ်ခဲ့တဲ့အတွက် ထောင်ဒဏ် (၄) နှစ် သာကျခံရမှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာ…

read more

ရန်ကုန်၊ ဒီဇင်ဘာ(၁၈) မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အမျိုးသမီး ထောင်ကျဝတ်စုံ ဖြစ်တဲ့ ယောဂီထမီ၊ အပေါ်ပိုင်းအင်္ကျီအဖြူနဲ့ ဒီဇင်ဘာ(၁၇)ရက်နေ ရုံးချိန်းမှာ မြင်တွေ့ခဲ့ရအကြောင်းကို CNA သတင်းဌာနမှာ ဖော်ပြခဲ့ပါတယ်။ မြန်မာရိုးရာဝတ်စုံကို အမြဲတမ်း ကျေ့ရှင်းလှပစွာ ဝတ်ဆင်ပြီး တခါတရံ ပန်းပန်လေ့ရှိတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ယခုလို ပထမဆုံးအကြိမ် ထောင်ကျဝတ်စုံနဲ့ တရားရုံးမှာ တွေ့မြင်ရတာဖြစ်တယ်လို့ သတင်းထဲမှာ ရေးသားထားပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကို တစ်ဒါဇင်နီးပါးဝန်းကျင်ရှိတဲ့ အမှုတွေနဲ့ စွဲချက်တင်ထားကာ အဲ့ဒီအမှုအားလုံးကို စီရင်ချက်ချပါက ထောင်ဒဏ် အနှစ် (၁၀၀) ကျော်အထိ ချမှတ်နိုင်ပြီး သူမက အဲ့ဒီအမှုအားလုံးကို ငြင်းဆိုထားတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။ အဲ့ဒီနေ့ရုံးချိန်းမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ နေပြည်တော်မြို့တော်ဝန်ဟောင်း ဦးမျိုးအောင်ကိုလည်း ထောင်ကျဝတ်စုံနဲ့ တွေ့မြင်ခဲ့ရတယ်လို့ အမည်မဖော်လိုသူ တစ်ဦးထံက သိရှိရတယ်ဆိုတဲ့အကြောင်းကို…

read more