ရန်ကုန်၊ ဇန်နဝါရီ (၁၆) ကရင်နီပြည်နယ် (ကယား)၊ ဒီးမော့ဆိုမြို့နယ်၊ နန်းမယ်ခုံရွာ နဲ့ လွိုင်ကော်မြို့နယ်၊ မိုင်းလုံရပ်ကွက် ဘက်ကို စစ်ကောင်စီတပ်က တိုက်လေယာဉ်တွေ အသုံးပြုပြီး ဒီနေ့ ညနေ (၅) နာရီခွဲ က ဗုံးကြဲ တိုက်ခိုက်ခဲ့လို့ အပြစ်မဲ့ပြည်သူတချို့ ထိခိုက်၊ သေဆုံးတာတွေ ရှိခဲ့တယ်လို့ ဒေသခံပြည်သူ တွေက ပြောပါတယ်။ “ရှေ့အပတ်ကတော့ ကြိုတင်သတင်းရတော့ ပြည်သူတွေကြိုရှောင်တော့ ထိခိုက်မူမရှိဘူးဗျ။ အခုက ရုတ်တစ်ရက် လေယာဉ် နဲ့ လာပြီး ဗုံးကြဲချလိုက်တော့ စစ်ဘေးရှောင်အပြစ်မဲ့ ပြည်သူတွေ အတော်များများထိတယ်ဗျ။ ခုလက်ရှိတော့ (၃) ယောက် ထိထားတယ်။ အတိကျတော့ မသိရသေးဘူး။ ခုထိလေယာဉ်တွေနဲ့ ကြဲနေလို့ အခြေနေတွေက မတည်ငြိမ်လို့ သေချာမသိရသေးဘူးဗျ။ အခုလက်ရှိက မီးတွေပျက်ပြီး လိုင်းတွေဖြတ်ထားလို့…

read more