ရန်ကုန်၊ ဒီဇင်ဘာ (၂၁) နယူးဇလန်က အသက် (၂၆) နှစ်အရွယ် အမျိုးသားသေဆုံးမှုဟာ ကိုဗစ်၁၉ ရောဂါ ကာကွယ်ဆေးတစ်မျိုးဖြစ်တဲ့ ဖိုက်ဇာ (Pfizer)ဆေးထိုးခြင်းနဲ့ ဆက်စပ်မှု ရှိနေတယ်လို့ နယူးဇီလန် တာဝန်ရှိသူတွေက ပြောပါတယ်။ အမျိုးသားဟာ ဖိုက်ဇာဆေး ပထမဆေးထိုးအပြီးမှာ ရှားပါးတဲ့ နှလုံးကြွက်သားရောင်ရောဂါ (myocarditis)ခံစားရပြီး သေဆုံးတာ ဖြစ်ပါတယ်။ အခုလို သေဆုံးမှုဟာ နယူးဇီလန်မာ ဒုတိယမြောက် ကိုဗစ် ၁၉ ကာကွယ်ဆေးရဲ့ ဘေးထွက်ဆိုးကျိုးကြောင့် သေဆုံးမှုလဲဖြစ်ပြီး ပြီးခဲ့သည့် သြဂုတ်လမှာလည်း အမျိုးသမီးတစ်ဦး အခုလိုပဲ သေဆုံးသွားခဲ့တယ်လို့ နယူးဇီလန်က ကျန်းမာရေး အာဏာပိုင်တွေက ကြေငြာခဲ့ဖူးပါတယ်။ သေဆုံးသူ အမျိုးသားဟာ ပထမဆေးထိုးပြီး နှစ်ပတ်အတွင်းသေဆုံးခဲ့တာဖြစ်ပြီး သူခံစားခဲ့ရတဲ့ ရောဂါလက္ခဏာတွေနဲ့ ပက်သက်ပြီး အကြံဉာဏ်တောင်းခံတာတွေ၊ ကုသမှုခံယူခဲ့တာတွေ မပြုလုပ်ခဲ့ပါဘူး။ ဖိုက်ဇာ…

read more