ရန်ကုန်၊ ဇန်နဝါရီ (၆) မြန်မာစစ်ကောင်စီ ကို အသိအမှတ်ပြုပေးဖို့ ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန် ကြိုးပမ်းတာတွေ ကို ကမ္ဘောဒီးယား ပြည်သူတွေက ရှုံ့ချပြေီး အဲ့လုပ်ရပ်က ကမ္ဘောဒီးယားနိုင်ငံကို ကိုယ်စားမပြုဘူးလို့ မြန်မာနိုင်ငံ နဲ့ ကမ္ဘောဒီးယားနိုင်ငံ အရပ်ဘက်လူမှုအဖွဲ့အစည်း က သတိပေးကြေညာလိုက်ပါတယ်။ ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန် ရဲ့ လုပ်ရပ် ဟာ အလှည့်ကျ ရရှိထားတဲ့ အာဆီယံ အခွင့်အာဏာ ကို အသုံးချတာ ဖြစ်တယ်လို့ ဇန်နဝါရီလ (၄) ရက် ပူးတွဲကြေညာချက်မှာ ရေးသားထားပါတယ်။ အာဏာရှင်စနစ် တကျော့ပြန်မလာရေး နဲ့ လူသားဆန်တဲ့ လူ့အသိုင်းအဝန်းတစ်ရပ် ဖြစ်ပေါ်လာဖို့သာ အဓိကဖြစ်ပြီး လူသားမဆန်သူ၊ လူသားကျင့်ဝတ် စောင့်စည်းတာ မရှိသူတွေအတွက် လူ့အဖွဲ့အစည်း မှာ နေရာမရှိဘူး…

read more