ရန်ကုန်၊ ဇန်နဝါရီ (၁) KNU အဖွဲ့ဝင်တွေက မိုင်းဆွဲတိုက်ခိုက်လိုက်လို့ (၂) ရက်အတွင်း စစ်ကောင်စီတပ်သား (၉) ဦးသေခဲ့ပြီး (၁၂) ဦးဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ KNU က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ကို မွန်ပြည်နယ်၊ သထုံမြို့နယ်၊ မောကလိုးကျေးရွာ အနီးမှာ ဒီဇင်ဘာ (၂၉) ရက် နေ့လည်ပိုင်းက တစ်ကြိမ်၊ ဒီဇင်ဘာလ (၃၀) ရက် မင်းလွင်ကျေးရွာ အုပ်စု ဝမ်းဘဲအင်းတောင်ခြေ မှာ တစ်ကြိမ် နဲ့ ဘီလင်းမြို့နယ်၊ နိုဘယ်ဘောကျေးရွာ အုပ်စု၊ လေးခေါ့ထေကျေးရွာ အနီးမှာ တစ်ကြိမ်တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ အဲဒီတိုက်ခိုက်မှုတွေမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ဘက်မှ ထိခိုက်ဒဏ်ရာရှိမှု မရှိဘူးလို့လဲ သိရပါတယ်။

read more