ရန်ကုန်၊ ဇန်နဝါရီ (၂၁) စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့နယ် အတွင်းက ပြည်သူတွေအနေနဲ့ အကြမ်းဖက်စစ်ကောင်စီ က ပေးတဲ့ ပျူစောထီးသင်တန်း ကို တက်ရောက်ပါက ပြင်းထန်စွာအရေးယူ ဆောင်ရွက်သွားမယ်လို့ ပုလဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ က သတိပေးပြောကြားလိုက်ပါတယ်။ “ပြည်သူတွေကို ဒီလောက်ရက်ရက်စက်စက် သတ်ဖြတ်လုယက်ဖျက်ဆီးပြနေတာတောင် စခတွေ နဲ့ ပေါင်းချင်သူတွေ ရှိသေးတယ်ဗျ၊ ကျနော်တို့ ရွာက အစိမ်းအဖွဲ့တွေဆို ပျူသင်တန်းတက်မလို့တဲ့ ပြောနေတာ၊ ဦးကျော်ဆန်းရွာ(နွယ်အင်းရွာ)မှာ တပ်စွဲထားတဲ့ အကြမ်းဖက် စစ်တပ်က ရွာကမိန်းကလေးတွေကို မုဒိမ်းကျင့်တဲ့ သတင်းလဲထွက်နေတယ်။”လို့ ပုလဲမြို့နယ် ဒေသခံတစ်ဦးက ပြောပါတယ်။ အကြမ်းဖက်စစ်ကောင်စီ က ပုလဲမြို့နယ် အတွင်းမှာ ရှိတဲ့ ပျူစောထီးတွေကို စစ်သင်တန်းပေးဖို့ ကြိုးစားနေပြီး ပြည်သူကို မျက်နှာမမူဘဲ အကြမ်းဖက် စစ်ကောင်စီ နဲ့ ပူးပေါင်းပါက မိသားစုလုံခြုံရေးကိုပါ…

read more