ရန်ကုန်၊ ဧပြီ (၂၀) မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ USDP ဥက္ကဋ္ဌ၊ လွှတ်တော်ကိုယ်စားလှယ်ရဲ့သမီးဖြစ်သူ ပိုင်ဆိုင်တဲ့ ဟိန်းစည် အိမ်ဆောက်ပစ္စည်းအရောင်းဆိုင် ဓါးပြတိုက်ခံခဲ့ရတယ်လို့ ဒေသခံပြည်သူတွေရဲ့ ပြောချက်အရ သိရပါတယ်။

read more

ရန်ကုန်၊ ဇန်နဝါရီ (၂၂) ခုခံတော်လှန်စစ် ဆင်နွှဲနေတဲ့ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့ မှာ လျှပ်စစ်မီတာခကောက်ခံဖို့ ကြောက်ရွံ့နေတဲ့အတွက် အခက်အခဲဖြစ်နေတယ်လို့ စစ်ကောင်စီလက်အောက်ခံ လျှပ်စစ်ဝန်ထမ်းတွေပြောပါတယ်။ “ဒီနေ့အထိ မီတာခကောက်ဖို့ ရွာတွေကို မသွားရဲကြဘူး၊ မီးကြိုးတွေ သွယ်တုန်းက ဝန်ထမ်းအသတ်ခံရတယ် တရားခံလည်းမပေါ်ဘူး၊ ဘယ်သူကမှ အရေးတယူ ဆောင်ရွက်ပေးတာမရှိဘူး၊ လူသာသေသွားတယ် ဘာမှလည်းမလုပ်ပေးနိုင်ဘူး ဒါကြောင့် မီတာခတွေ လိုက်မကောက်တာကြာပြီ” လို့ အခြေအနေအရ ဝန်ထမ်းဆက်လက် လုပ်ကိုင်နေရသူတစ်ဦး က ပြောပါတယ်။ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဖြစ်တဲ့ ရေစကြို PDF အဖွဲ့က ရဲကင်းစခန်း (၂) ခု ကို ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်ခဲ့ပြီးနောက် ရေစကြိုမြို့နယ်၊ ရပ်ကွက်၊ ရပ်ကျေး အုပ်ချုပ်ချုပ်ရေးမှူးတွေ တာဝန်ကနေ နှုတ်ထွက်ခဲ့ကြတာ ဖြစ်ပါတယ်။ “ပိုက်ဆံရဖို့ မီတာခကောက်ခိုင်းတယ်၊…

read more