ရန်ကုန်၊ ဖေဖော်ဝါရီ (၇) ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်၊ မလက်တိုကျေးရွာ ရဲကင်းက ရဲတပ်ကြပ် တစ်ဦးသေနတ်နဲ့ ပစ်သတ်ခံရပြီးနောက် စစ်ကောင်စီတပ်တွေ မအူပင်မြို့နယ်အတွင်းက ဒေသခံအများအပြားကို ရမ်းသမ်းဖမ်းဆီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ “မလက်တိုရဲကင်းက အသတ်ခံရတဲ့ ရဲတပ်ကြပ်အဆင့် စောကြည်လွင် က လှိုင်းတာကျေးရွာသား။ သူက မလက်တိုရဲကင်းစခန်းမှာ တာဝန်ကျနေတာလေ။ လှိုင်းတာရွာကလွဲလို့ အခြားရွာတွေကိုဒုက္ခပေးခဲ့တဲ့ သူတစ်ယောက်လေ။

read more