“ကျွန်တော်က အိုင်တီပညာရှင်တစ်ယောက်ဖြစ်ချင်ခဲ့တာ။ ဒါပေမယ့် လူမျိုးခြားဖြစ်နေလို့ဆိုပြီး တက်ချင်တဲ့ကျောင်း ရွေးချယ်ခွင့်မရခဲ့ဘူး။ မွတ်စလင်တွေဆိုရင် သမိုင်းနဲ့ မြန်မာဘာသာပဲ ရွေးချယ်လို့ ရမယ်လို့ သူတို့က သတ်မှတ်ထားတာ” လို့ အသက် ၁၉ နှစ်အရွယ် ရိုဟင်ဂျာ မွတ်စလင်ကျောင်းသား တစ်ယောက်ဖြစ်တဲ့ ကိုဇေယျာလင်း ကပြောပါတယ်။ သူကတော့ ရခိုင်ပြည်နယ်က လက်တဆုပ်စာသာရှိတဲ့ တက္ကသိုလ်ဝင်တန်းအောင်မြင်တဲ့ ရိုဟင်ဂျာကျောင်းသားတွေထဲက တစ်ဦးပါ။ ရည်မှန်းချက်ကြီးကြီးနဲ့ ငယ်ငယ်ကတည်းက စာကြိုးစားခဲ့ပေမယ့် ၁၀ တန်း အောင်ပြီး နောက်မှာတော့ သူတက်ရောက်ချင်တဲ့ တက္ကသိုလ်တက်ခွင့် မရခဲ့ပါဘူး။

read more