ရန်ကုန်၊ ဒီဇင်ဘာ (၂၂) အာဏာသိမ်းစစ်ကောင်စီတပ်တွေ ဒီနေ့ မနက်အစောပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၊ နတ်ချောင်းကျေးရွာ ကို ရောက်ရှိလာပြီး နေအိမ်တွေကို ဝင်ရောက်ဖျက်ဆီးကာ အမျိုးသမီးတစ်ဦးကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ကလေးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောဆိုထားပါတယ်။ “မနက် ၅ နာခွဲကျော်လောက် ရောက်လာတယ်။ လက်နက်ကြီး တစ်ချက် ပစ်သံကြားလိုက်တယ်၊ နေအိမ်တွေထဲ ဝင်ပြီး စစ်ဆေးတာ၊ ရှာဖွေတာတွေလုပ်တယ်၊ အိမ်တစ်လုံးဖျက်ဆီးသွားတယ်။ အမျိုးသမီးတစ်ဦးကိုတော့ လက်နောက်ပြန်ကြိုး တုတ်ပြီး ဖမ်းသွားတယ်လို့ သိရတယ်။” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ဒီနေ့ မနက်ပိုင်းမှာ ချောင်းခွကျေးရွာ ပန်းမွန်ချောင်းတံတား အနီး အရင်က ရဲကင်းဟောင်းနေရာမှာလဲ တပ်စွဲနေရာယူထားပါတယ်။

read more