ရန်ကုန်၊ ဇွန် (၅) အောင်ဇော်ထွန်း နဲ့ ရဲမွန် ကို ပြည်သူတွေအနေနဲ့ တွေ့ရှိပါက ဆက်သွယ်ပေးဖို့နဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေ တွေ့ရှိခဲ့ပါက ဖမ်းဆီး ထိန်းသိမ်းထားပေးဖို့ ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က မေတ္တာရပ်ခံ တောင်းဆိုခဲ့ပါတယ်။

read more

ရန်ကုန်၊ ဇန်နဝါရီ (၆) စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့နယ်၊ ကန်းဒေါင့်ရဲစခန်း ကို မနေ့ညနေက PDF တပ်ဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

read more

ရန်ကုန်၊ မတ် (၁၉) စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက တစ်ရက်ကို စစ်ကိုင်းတိုင်းဒေသကြီးအတွင်းက ပြည်သူတွေရဲ့ အိမ်ပေါင်း အနည်းဆုံး (၄၈) လုံးကို မီးရှို့ဖျက်ဆီးနေတယ်လို့ တူမီး – တော်လှန်ရေး စာစဉ် က ဒီနေ့မှာ ပြောပါတယ်။

read more

ရန်ကုန်၊ဖေဖော်ဝါရီ (၄) စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့နယ်၊ မင်းတိုင်ပင်ရွာသား (၃) ဦးကို အကြမ်းဖက်စစ်တပ် နှိပ်စက်သတ်လိုက်တယ်လို့ ဒေသခံတစ်ဦးက သတင်းပေးပို့ ပြောဆိုပါတယ်။

read more

ရန်ကုန်၊ ဇန်နဝါရီ (၂၉) စစ်ကိုင်းတိုင်းဒေကြီး၊ ပုလဲမြို့နယ်၊ ဇီးဖြူကုန်းရွာ က အကြမ်းဖက်စစ်တပ် နဲ့ ပျူစောထီးသင်တန်း ပေးနေသူတွေ ကို ဒရုန်း နဲ့ ထပ်မံတိုက်ခိုက်ခဲ့ရာ (၅) ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။ မနေ့ ညနေ (၄) နာရီဝန်းကျင် က အောင်ဆန်းတပ်ဖွဲ့ နဲ့ ပုလဲ ပ.က.ဖ မဟာမိတ်တပ်ပေါင်းစုတွေက တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ တိုက်ပွဲမှာ အကြမ်းဖက်စစ်တပ် က ကြောက်လန့်တကြား ရမ်းသမ်းပစ်ခတ်မှုတွေ ရှိခဲ့ပေမယ့် မိမိတို့ မဟာမိတ်ရဲဘော်တွေ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်လို့ အောင်ဆန်းတပ်ဖွဲ့ က ထုတ်ပြန်ထားပါတယ်။ ပုလဲမြို့နယ်၊ ဇီးဖြူကုန်းရွာ မှာ အကြမ်းဖက်စစ်တပ် က အခြေပြုတပ်စွဲကာ ပျူစောထီးသင်တန်းပေးနေ လို့ ဇန်နဝါရီလ (၂၈) ရက်နေ့ကလည်း ဒေသခံပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့တွေက…

read more

ရန်ကုန်၊ ဇန်နဝါရီ (၂၉) စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့နယ်၊ ဇီးဖြူကုန်းရွာ မှာ အခြေချတပ်စွဲထားတဲ့ အကြမ်းဖက်စစ်တပ် ကို မနေ့က ည (၈) နာရီဝန်းကျင်က ချဉ်းကပ် တိုက်ခိုက်ခဲ့တယ်လို့ အောင်ဆန်းတပ်ဖွဲ့ က ပြောပါတယ်။ တိုက်ပွဲဟာ အချိန်နာရီဝက်နီးပါးကြာခဲ့ပြီး အောင်ဆန်းတပ်ဖွဲ့၊ ပုလဲ ပကဖ၊ PRA၊ Chindwin Attack Force၊ သံမဏိတပ်ဖွဲ့၊ ပုလဲပြောက်ကျားတပ်ဖွဲ့တွေ က တိုက်ခိုက်ခဲ့ဖြစ်ပါတယ်။ မဟာမိတ် တပ်ပေါင်းစုအဖွဲ့က မြေပြင်၊ ဝေဟင် အင်အားသုံးတိုက်ခိုက်ခဲ့တာဖြစ်လို့ အကြမ်းဖက်စစ်သား အများအပြားထိခိုက်သေဆုံးနိုင်ပေမယ့် အရေအတွက်ကို အတည်မပြုနိုင်ဘူးလို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ အခြေချထားတဲ့ ဇီးဖြူကုန်းရွာ ဟာ ပျူစောထီးသင်တန်း ပေးနေတဲ့ ရွာတစ်ရွာလည်းဖြစ်ပါတယ်။

read more

ရန်ကုန်၊ ဇန်နဝါရီလ (၂၃) စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့နယ်၊ အင်မထီးရွာ က ပျုစောထီးသင်တန်းတက်ဖို့ လိုက်လံစည်းရုံးနေသူ တစ်ဦး အသတ်ခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပျူစောထီးသင်တန်းတက်ဖို့ လိုက်လံစည်းရုံးနေသူလို့ နာမည်ကြီးနေတဲ့ အင်မထီးရွာသား ဆန်းနိုင်ဝင်း ဟာ မနေ့ညပိုင်းက အသတ်ခံလိုက်ရတာဖြစ်ပါတယ်။ အကြမ်းဖက်စစ်တပ် က ပုလဲမြို့နယ်၊ အင်မထီးရွာ နဲ့ ဇီးဖြူကုန်းရွာ မှာ ပျူစောထီးသင်တန်းပေးနေတာ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ အကြမ်းဖက်စစ်ကောင်စီ က ပေးတဲ့ ပျူစောထီးသင်တန်းကို တက်ရောက်ပါက ပြင်းထန်စွာအရေးယူသွားမယ်လို့ ပုလဲမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် က ပြီးခဲ့တဲ့ ဇန်နဝါရီ (၂၁) ရက်နေ့က သတိပေးထားပါသေးတယ်။ ပုလဲမြို့နယ် အတွင်းမှာ အကြမ်းဖက်စစ်ကောင်စီတပ် က အင်းအားအများအပြားနဲ့ တစ်ရွာဝင်တစ်ထွက် လိုက်လံ ဖမ်းဆီးသတ်ဖြတ်နေလို့ ဒေသခံပြည်သူထောင်ပေါင်းများစွာ…

read more

ရန်ကုန်၊ ဇန်နဝါရီ (၂၁) စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့နယ် အတွင်းက ပြည်သူတွေအနေနဲ့ အကြမ်းဖက်စစ်ကောင်စီ က ပေးတဲ့ ပျူစောထီးသင်တန်း ကို တက်ရောက်ပါက ပြင်းထန်စွာအရေးယူ ဆောင်ရွက်သွားမယ်လို့ ပုလဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ က သတိပေးပြောကြားလိုက်ပါတယ်။ “ပြည်သူတွေကို ဒီလောက်ရက်ရက်စက်စက် သတ်ဖြတ်လုယက်ဖျက်ဆီးပြနေတာတောင် စခတွေ နဲ့ ပေါင်းချင်သူတွေ ရှိသေးတယ်ဗျ၊ ကျနော်တို့ ရွာက အစိမ်းအဖွဲ့တွေဆို ပျူသင်တန်းတက်မလို့တဲ့ ပြောနေတာ၊ ဦးကျော်ဆန်းရွာ(နွယ်အင်းရွာ)မှာ တပ်စွဲထားတဲ့ အကြမ်းဖက် စစ်တပ်က ရွာကမိန်းကလေးတွေကို မုဒိမ်းကျင့်တဲ့ သတင်းလဲထွက်နေတယ်။”လို့ ပုလဲမြို့နယ် ဒေသခံတစ်ဦးက ပြောပါတယ်။ အကြမ်းဖက်စစ်ကောင်စီ က ပုလဲမြို့နယ် အတွင်းမှာ ရှိတဲ့ ပျူစောထီးတွေကို စစ်သင်တန်းပေးဖို့ ကြိုးစားနေပြီး ပြည်သူကို မျက်နှာမမူဘဲ အကြမ်းဖက် စစ်ကောင်စီ နဲ့ ပူးပေါင်းပါက မိသားစုလုံခြုံရေးကိုပါ…

read more