ရန်ကုန်၊ ဇန်နဝါရီ (၃၀) ကချင်ပြည်နယ် အတွင်းမှာ မူးယစ်ဆေးဝါးတွေ ရောင်းဝယ်၊ ဖောက်ကား၊ သယ်ဆောင်၊ သုံးစွဲတာ နဲ့ စိုက်ပျိုးထုတ်လုပ်တာတွေ လုံးဝ(လုံးဝ) မပြုလုပ်ရဘူးလို့ ကချင်လွတ်လပ်ရေးအဖွဲ့ချုပ် KIO အစိုးရ က ဒီနေ့မှာ သတိပေးပြောကြားလိုက်ပါတယ်။ စစ်ဘေးရှောင်ပြည်သူတွေ နဲ့ ဒေသခံပြည်သူတွေရဲ့ ခွင့်ပြုချက်မရရှိဘဲ လယ်ယာမြေ၊ ဥယျာဉ်မြေတွေကို ရွှေတူးဖော်တာတွေ လုံးဝ(လုံးဝ) မပြုလုပ်ဖို့ကိုလည်း ဒီနေ့ထုတ်ပြန်ချက်မှာ ထည့်သွင်းကြေညာထားပါတယ်။ မြစ်ကြီးနားခရိုင် အုပ်ချုပ်ရေးရုံးတွေက ပိတ်ပင်ထားတဲ့ Myanmar Beer, Dagon Beer တွေ စတဲ့ စစ်ကောင်စီ နဲ့ ပတ်သက်တဲ့ ပစ္စည်းတွေ ကို ပူတာအိုမြို့ အတွင်းက ဈေးဆိုင်တွေ အနေနဲ့ သယ်ယူ ရောင်းချတာတွေ မပြုလုပ်ဖို့ကိုလည်း KIO အစိုးရက တားမြစ်ထား…

read more