ရန်ကုန်၊ဧပြီ(၁၃) ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့၊ (၁)ရပ်ကွက်၊ နယ်မြေ (၈) ရန်တိုင်းအောင်ဆုတောင်းပြည့်ဘုရား စတုဒီသာမဏ္ဍပ်အနီးမှာ ဒီနေ့မနက်(၁၁)နာရီကျော်က ပေါက်ကွဲမှုဖြစ်ခဲ့ပြီး (၆)ယောက်သေ၊ (၃)ယောက်ဒဏ်ရာရရှိခဲ့ပြီး ကား(၉)စီး နဲ့ ဆိုင်ကယ်(၇)စီး မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

read more

ရန်ကုန်၊ ဒီဇင်ဘာ (၁) စစ်ကောင်စီတပ်တွေ စခန်းချနေတဲ့ စစ်ကိုင်းတိုင်းဒေသကြီး၊ မြင်းမူမြို့၊ အ.ထ. က(၁) ကျောင်းမှာ ဒီနေ့ မနက်ပိုင်းက ပေါက်ကွဲမှုဖြစ်ခဲ့တယ်လို့ သိရပါတယ်။

read more

ရန်ကုန်၊ ဧပြီ (၁၁) စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အရပ်ဝတ်တွေနဲ့ လုံခြုံရေးယူထားတဲ့ မင်္ဂလာပွဲတစ်ပွဲမှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံပြည်သူတွေက C8 News ကို ပြောပါတယ်။

read more

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့မြင်းပြိုင်ကွင်းလမ်း၊ ကျိုက္ကစံဘောလုံးကွင်း အနီးမှာ ဖေဖော်ဝါရီလ (၂၄) ရက် ညနေ (၆) နာရီကျော်က စစ်ကောင်စီကား ပေါက်ကွဲမှုဖြစ်ပွားခဲ့တဲ့ရုပ်သံ

read more

ရန်ကုန်၊ဖေဖော်ဝါရီ(၁) ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ် နဲ့ သာကေတမြို့နယ် အတွင်းမှာ ဒီနေ့နေ့လည်ပိုင်း နဲ့ ညနေပိုင်းတွေက ပေါက်ကွဲမှုတွေ ဖြစ်ခဲ့တယ်လို့ဒေသခံပြည်သူတွေဆီက သိရပါတယ်။

read more

ရန်ကုန်၊ ဇန်နဝါရီ(၇) မန္တလေးတိုင်းဒေသကြီး၊ ချမ်း‌အေးသာစံမြို့နယ်၊ (၈၁)လမ်း၊ (၂၆) လမ်း နဲ့ ( ၂၇) လမ်းကြားမှာ ရှိတဲ့ စစ်တပ်ပိုင် မြဝတီဘဏ်မှာ ဒီနေ့မနက်ပိုင်းက ပေါက်ကွဲမှုဖြစ်ခဲ့လို့ လူ (၃) ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံပြည်သူတွေဆီက သိရပါတယ်။ “ဘဏ်ဖွင့်ပြီးသိပ်မကြာဘူး၊ ပေါက်ကွဲသံကြားရတော့တာပဲ၊ ဆိုင်ကယ် နဲ့လူနှစ်ယောက် လာပစ်တာလို့ကြားတယ်၊ လူ (၃) ယောက်ထိတယ်၊ ဘယ်အဖွဲ့က ပစ်တာလည်းတော့အသိဘူး” လို့ မန္တလေးမြို့ခံ တစ်ဦးက ပြောပါတယ်။ ပစ်ခတ်မှုကြောင့် ငွေလာထုတ်သူ တစ်ဦး နဲ့ ဘဏ်ဝန်ထမ်း (၂) ဦးထိခိုက်မိခဲ့တာဖြစ်ပါတယ်။ ဒီနေ့မနက်ပိုင်းမှာဘဲ မန္တလေးမြို့၊ (၇၃)လမ်း၊ (၁၀၇) လမ်း နဲ့ (၁၀၉) လမ်း ကြားမှာရှိတဲ့ MIIT ကျောင်း အရှေ့ဘက်နဲ့ ပုသိမ်ကြီးမြို့နယ်…

read more

ရန်ကုန်၊ ဇန်နဝါရီ (၅) ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ် နဲ့ ခရမ်းမြို့နယ် တွေမှာ ဒီနေ့ မနက်အစောပိုင်းက ပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံပြည်သူတွေက ပြောပါတယ်။ မြောက်ဥက္ကလာပမြို့နယ် နဲ့ ခရမ်းမြို့နယ် မှာ ပေါက်ကွဲမှု နှစ်ကြိမ်ဆီ နဲ့ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ် မှာ ပေါက်ကွဲမှု တစ်ကြိမ် ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

read more

ရန်ကုန်၊ ဒီဇင်ဘာ(၂၈) ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်၊ (၁၁၇) ရပ်ကွက်၊ ကျန်စစ်သားလမ်းမပေါ်က ရထားသံလမ်း အကူးအနီး မှာ ဒီနေ့မနက်ပိုင်းက ပေါက်ကွဲမှုဖြစ်ခဲ့ပြီး ရွှေတိဂုံဘုရား တောင်ဘက်မုဒ် နဲ့ ထန်းတပင်-လှိုင်သာယာလမ်းဘေး တွေမှာ မပေါက်ကွဲသေးတဲ့ ဗုံးတွေ ရှာဖွေတွေ့ရှိခဲ့တယ်လို့ ဒေသခံပြည်သူတွေဆီက သိရပါတယ်။ “(၁၁၇)ရပ်ကွက် ရထားလမ်းကူး ရထားဇလီဗာတုံးတွေကြားမှာ ပေါက်တာ၊ လူထိတာတော့မရှိသလို သံလမ်းလည်းမပျက်စီးဘူး၊ စစ်ခွေးတွေတော့ လာစစ်သွားတယ်” လို့ ဒဂုံမြို့သစ်အရှေ့ပိုင်းမှာနေထိုင်တဲ့ အမည်မဖော်လိုသူက ပြောပါတယ်။ ဒီနေ့နေ့လည် (၁) နာရီဝန်းကျင်က ရွှေတိဂုံဘုရားတောင်ဘက်မုခ်၊ ကျောက်စိမ်းဓမ္မာရုံ နဲ့ ယစ်မျိုးဓမ္မာရုံကြားမှာ မသင်္ကာဖွယ် အထုပ်တွေ့လို့ စစ်ကောင်စီအဖွဲ့က လာရောက်ရှင်းလင်းခဲ့ပါတယ်။ ဒီနေ့မနက်ပိုင်းမှာဘဲ ထန်းတပင်-လှိုင်သာယာလမ်းဘေးမှာ မသင်္ကာဖွယ်ရာ ပစ္စည်းတစ်ခုကို တွေ့ရှိရတဲ့အတွက် စစ်ကောင်စီအဖွဲ့က လာရောက်ရှင်းလင်းချိန် အဲ့ဒီအထုပ်အတွင်း ဘောစေ့တွေ၊ လက်လုပ်ယမ်းတွေပါရှိတဲ့…

read more

ရန်ကုန်၊ဒီဇင်ဘာ(၂၅) မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ (၇၈) လမ်း နဲ့ (၃၈) လမ်း ထောင့်မှာရှိတဲ့ စစ်တပ်ကခေါင်းဆောင်ပိုင်းတွေ ပိုင်ဆိုင်တဲ့ ရတနာပုံခန်းမ အနီးမှာ ဒီနေ့မနက်ပိုင်းက ပေါက်ကွဲမှု တစ်ခုဖြစ်ခဲ့တယ်လို့ ဒေသခံပြည်သူတွေဆီက သိရပါတယ်။ “ဒီနေ့မနက်(၇) နာရီကျော်လောက်ကပေါက်တာ၊ မိန်းခလေးတစ်ယောက် လာပစ်တာလို့သိရတယ် ပစ်ရင်းနဲ့ပေါက်သွားလို့ သူလည်းထိတယ်” လို့ မန္တလေးမြို့ခံပြည်သူတစ်ဦးက ပြောပါတယ်။ ရတနာပုံခန်းမ ဟာ စစ်တပ်ကအာဏာအဓမ္မသိမ်းယူပြီးနောက် မေ (၁၇) ရက်မှာ အကြမ်းဖက် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက် ဖွင့်လှစ်ပေးခဲ့တဲ့ နေရာဖြစ်ပါတယ်။

read more

ရန်ကုန်၊ ဒီဇင်ဘာ(၂၃) ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ (၂၉) ရပ်ကွက် မှာ ဒီနေ့မနက်ပိုင်းက ပေါက်ကွဲမှု ဖြစ်ခဲ့ပြီး အကြမ်းဖက်စစ်သား(၂)ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံပြည်သူတွေဆီက သိရပါတယ်။ “မနက်(၉)နာရီကျော်လောက်မှာ ပေါက်တာ၊ တောင်ထိပ်ပန်းလမ်းထောင့် ကြီးပွားရေး လက်ဘက်ရည်ဆိုင် နားမှာ မသင်္ကာဖွယ်အထုပ်တွေ့လို့စစ်ကောင်စီအဖွဲ့က လာရှင်းတုန်း ထပေါက်တာ၊ စစ်သားနှစ်ကောင်ထိတယ်” လို့ဒေသခံတစ်ဦးက ပြောပါတယ်။ မနေ့ကညပိုင်းမှာလည်း လှိုင်သာယာမြို့နယ်၊ (၁၂) ရပ်ကွက်၊ အ.ထ.က (၂) ကျောင်းလမ်း မှာရှိတဲ့ ရဲကင်း အနီးမှာ ဗုံး (၂) လုံး ပေါက်ကွဲခဲ့ပါသေးတယ်။

read more