ဒီဇင်ဘာ (၂၃) တောင်အာဖရိကနိုင်ငံဟာ နိုင်ငံတွင်းဖြစ်ပွားနေတဲ့ ကိုဗစ် စတုတ္ထလှိုင်း ကူးစက်နေသူ၊ ဆေးရုံတက်နေသူ နဲ့ သေဆုံးသူတွေကနေ ရရှိတဲ့ အချက်အလက်ကို အခြေခံပြီး အိုမီခရွန်နဲ့ ပက်သက်ပြီး သုတေသနပြုလေ့လာရာ အိုမီခရွန် မျိုးကွဲဟာ တခြားကိုဗစ်မျိုးကွဲတွေထက် ပိုမိုအားပျော့တာကို လေ့လာတွေ့ရှိမှု အသစ်တစ်ခုအရ သိရပါတယ်။ “အံ့သြစရာကောင်းတာက ကျွန်မတို့ရဲ့ လေ့လာတွေ့ရှိချက်တွေအရ တခြားအမျိုးအစားတွေနဲ့ ယှဉ်ရင် အိုမီခရွန်က ပိုအားပျော့တယ်ဆိုတာကို အပြုသဘောဆောင်တဲ့ ဇာတ်လမ်းတစ်ပုဒ်အနေနဲ့ အမှန်တကယ်အကြံပြု ပြောကြားလိုပါတယ်လို့” အမျိုးသား ကူးစက်ရောဂါများဆိုင်ရာ ပညာရေးသိပ္ပံ (NICD) မှာ ပါမောက္ခ ရှဲရို ခိုရွိန် (Cheryl Cohen) မှ အင်္ဂါနေ့က ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။ တောင်အာဖရိကဟာ ကိုဗစ် ၁၉ ရောဂါကူးစက်မှုအသစ်တွေ သိသိသာသာ ကျဆင်းလာတာဖြစ်တဲ့အတွက်…

read more