ရန်ကုန်၊ သြဂုတ် (၄) လက်ရှိကာလမှာ ပြည်သူလူထုရဲ့ လူမှုဘဝ လုံခြုံဖို့အတွက် မိမိတို့ ပြည်သူ့လုံခြုံရေးအဖွဲ့တွေအနေနဲ့ ဝိုင်းဝန်းစုစည်း ညီညွတ်စွာနဲ့ ကြိုးစားကြစေလိုတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ် က တိုက်တွန်း ပြောဆိုလိုက်ပါတယ်။

read more

ရန်ကုန်၊ ဇွန် (၁၈) မြေပြင်မှာ စစ်ကောင်စီရဲ့ အကြမ်းဖက်ကျူးလွန်မှုတွေကို နိုင်ငံတကာက သိရှိအောင် ဆောင်ရွက်ကြဖို့ လိုအပ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း က ပြောပါတယ်။

read more

ရန်ကုန်၊ မတ် (၂၂) အခုလက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော်သားများ PDF ရဲဘော်တွေရဲ့ အင်အားဟာ နေပြည်တော်ကို ခြိမ်းခြောက်နေနိုင်ပြီဖြစ်ပြီး စိုးမိုး သိမ်းပိုက် ထိန်းချုပ်နိုင်တဲ့ အဆင့်ကို မကြာခင် ရောက်ရှိတော့မှာ ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန် က ပြောပါတယ်။

read more

ရန်ကုန်၊ မတ် (၁) ဆရာဝန်တွေ၊ သူနာပြုတွေအနေနဲ့ ဘယ်အခြေအနေမျိုးပဲ ကြုံတွေ့ပါစေ လူနာတွေကို တာဝန်မဲ့ စွန့်ခွာသွားတာမျိုး မပြုလုပ်ဖို့ စစ်ကောင်စီလက်အောက်ခံ ပြည်ထောင်စုဝန်ကြီး၊ ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း က ပြောပါတယ်။

read more

ရန်ကုန်၊ ဖေဖော်ဝါရီ(၉) မြန်မာအစိုးရဟာ ပြည်သူတွေရဲ့ အသက်ထက် မည်သည့်အရာကမျှ အရေးမကြီး၊ တန်ဖိုးမရှိ ဆိုတဲ့ခံယူချက်နဲ့ တရုတ်၊ အိန္ဒိယနဲ့ ရုရှား နိုင်ငံတှေ အပါအဝင် ချစ်ကြည်ရင်းနှီးတဲ့ နိုင်ငံတွေကနေ ကိုဗစ်-၁၉ ကာကွယ်ဆေးတွေ ရရှိအောင်ဆောင်ရွက်ပေးခဲ့သလို ကိုဗစ်ကာလအတွင်း နိုင်ငံခြားမှာ ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသား (၉၇,၀၀၀) ကို နေရပ်ပြန်ခေါ်ပေးခဲ့တယ်လို့ စစ်ကောင်စီက ခန့်အပ်ထားတဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင် က ပြောဆိုလိုက်ပါတယ်။

read more

ရန်ကုန်၊ ဒီဇင်ဘာ (၂၄) စစ်ရာဇဝတ်ကောင် စစ်အာဏာရှင်တွေရဲ့ လုပ်ရပ်တွေက လက်နက်ကိုင် ပဋိပက္ခ ကာလအတွင်း ဘယ်အခြေအနေမှာ မဆို နှစ်ဘက်တပ်ဖွဲ့တွေ မဖြစ်မနေ လိုက်နာရမယ့် အပြည်ပြည်ဆိုင်ရာ လူသားချင်းစားနာမှု ဥပဒေကို ကျူးလွန်ဖောက်ဖျက်နေတာ ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး က ဒီနေ့မှာ ပြောဆိုလိုက်ပါတယ်။ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း နေ့တိုင်းနီးပါး ကလေးတွေနဲ့ သက်ကြီးတွေကိုပါမချန် အပြစ်မရှိတဲ့ ပြည်သူတွေကို မြင်တာနဲ့ ဖမ်းဆီး နှိပ်စက်သတ်ဖြတ်ပြီး ဥပဒေမဲ့ ထင်ရာခိုင်းနေတာ ဖြစ်တယ်လို့ သူက ပြောပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီး အပါအဝင် အနောက်မြောက်ပိုင်းဒေသတွေကို စစ်တပ်က အနော်ရထာစစ်ဆင်ရေးလို့ နာမည်ပေးထားတဲ့ ကြည်း၊ ရေ၊…

read more

ရန်ကုန်၊ ဒီဇင်ဘာ(၂၃) နိုင်ငံတော်တည်ငြိမ်ရေး နဲ့ အေးချမ်းလုံခြုံရေးအတွက် အဆင့်အလိုက် အကောင်အထည်ဖော်ဆောင်ရွက်နေပြီး တည်ငြိမ်အေးချမ်းမှုကို လိုလားတဲ့ ပြည်သူတွေရဲ့ ပူးပေါင်းပါဝင်ဆောင်ရွက်မှုကြောင့် တည်ငြိမ်မှု အဆင့်တစ်ခုကို ရရှိလာပြီ ဖြစ်တယ်လို့ စစ်တပ်ကအာဏာသိမ်းပြီးနောင် ခန့်အပ်လိုက်တဲ့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း ကပြောဆိုလိုက်ပါတယ်။ မနေ့ကနေ့လည်ပိုင်းမှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံက သတင်းမီဒီယာတွေနဲ့ Online ကတွေ့ဆုံချိန်မှာ သူကပြောဆိုခဲ့တာပါ။ ကိုဗစ်-၁၉ ကပ်ရောဂါဟာ ကမ္ဘာအနှံမှာ ဖြစ်ပွားနေပြီး နိုင်ငံတော်အစိုးရ နဲ့ ပြည်သူတွေရဲ့ပူးပေါင်းဆောင်ရွက်မှုကြောင့် ကိုဗစ်-၁၉ တတိယလှိုင်းကို အောင်မြင်စွာကျော်လွှားနိုင်ခဲ့ပြီး အခုကာလမှာ အခြေခံကျောင်းတွေ ပြန်လည်ဖွင့်လှစ်ခဲ့ကာ တက္ကသိုလ်တွေကိုလည်း မကြာခင် ပြန်လည်ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်နေတယ်လို့ သူက ပြောပါတယ်။ နိုင်ငံတော်တည်ငြိမ်ရေးနဲ့ အေးချမ်းလုံခြုံရေးအတွက်လည်း အဆင့်အလိုက် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ တည်ငြိမ်အေးချမ်းမှုကို လိုလားတဲ့ ပြည်သူတွေရဲ့ ပူးပေါင်းပါဝင်ဆောင်ရွက်မှုဟာ တည်ငြိမ်မှု…

read more