ရန်ကုန်၊ ဇန်နဝါရီ (၁၆) ဒီနေ့ မနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်၊ EPC ရုံး မှာ ပေါက်ကွဲမှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံပြည်သူတွေဆီက သိရပါတယ်။ ဖောက်ခွဲမှုကို ပြည်သူ့ကာကွယ်ရေးမြို့ပြပျောက်ကျားတပ်ဖွဲ့ (YGN) Dark Shadow ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ “စစ်ကောင်စီလက်အောက်ခံ ဒေါက်တိုင်များနှင့် ဒလန်များအား ရှင်းလင်းသုတ်သင် သွားမယ်ဖြစ်သောကြောင့် ပြည်သူများအနေဖြင့် လူသတ်စစ်ကောင်စီအားကျည်ဆံဖိုးများ မထောက်ပံ့ပေးကြရန်နှင့် တရားဝင်ဒီမိုကရေစီအစိုးရ ကျမှသာပြန်လည် ပေးသွင်းပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။” လို့ Dark Shadow ဒီနေ့ထုတ်ပြန်ချက်ထဲမှာ တိုက်တွန်းပြောဆိုထားပါသေးတယ်။ အခုလ (၈) ရက်နေ့ မနက်ပိုင်းကလည်း Dark Shadow အဖွဲ့ဟာ လမ်းမတော်မြို့နယ် ရဲစခန်း ကို ပေါက်ကွဲမှု ပြုလုပ်ခဲ့ပါသေးတယ်။

read more