ရန်ကုန်၊ ဇန်နဝါရီ(၅) မြန်မာနိုင်ငံအတွင်း မဟာဗျူဟာ တစ်ရပ်အနေနဲ့ စစ်တပ်က စနစ်တကျ ကျူးလွန်နေတဲ့ အကြမ်းဖက် လူသတ်နေတာ တွေကို မင်းအောင်လှိုင် နဲ့ စစ်ကောင်စီ ရဲ့ ထိပ်ပိုင်းခေါင်းဆောင် တွေက စီစဉ်လုပ်ဆောင်နေတာဖြစ်ပြီး အဲ့ဒီလိုကျူးလွန်နေကြတဲ့ စစ်အုပ်စုကို သူတိုနဲ့ လျော်ညီတဲ့ အကြမ်းဖက် အဖွဲ့အစည်းအဖြစ် ကြေညာပေးဖို့ လုံခြုံရေးကောင်စီ ကို အမျိုးသားညီညွတ်ရေးအစိုး ရရဲ့ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန က တောင်းဆိုလိုက်ပါတယ်။ ၂၀၂၁ခုနှစ်၊ ဒီဇင်ဘာ(၂၄) ရက်နေ့မှာ စစ်အောက်စီလက်အောက်ခံ တပ်မ(၆၆) ဟာ ကယားပြည်နယ်၊ ဖရူဆိုမြို့နယ်၊ မိုဆိုကျေးရွာ က ပြည်သူတွေကို အကြမ်းဖက်သမား တွေလို့ တံဆိပ်ကပ်ပြီး ကြိုးတုပ် ရိုက်နှက်ကာ အရှင်လတ်လတ်မီးရှို့သတ်ဖြတ်ခဲ့တဲ့အတွက် အရပ်သား (၄၂) ဦးအထိ သေဆုံးနိုင်ပြီး အဲဒီအထဲမှာ မသန်စွမ်း…

read more

ရန်ကုန်၊ ဇန်နဝါရီ (၂) ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဖရူဆိုမြို့နယ် တွေမှာ တိုက်ပွဲတွေ ဖြစ်ပွားနေပြီး စစ်ရေးအရှိန်မြင့် လာမယ့်အခြေအနေဖြစ်နေလို့ ပြည်သူတွေအနေနဲ့ ခရီးသွားလာတာ မပြုဖို့ ကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDF က ဒီနေ့မှာ သတိပေးပြောကြားလိုက်ပါတယ်။ မနေ့ ညနေပိုင်းက မြို့မရဲစခန်းကပ်ရပ်က ဘုရားစေတီဝိုင်းအတွင်းမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့တွေကို PDF ပူးပေါင်းတပ်ဖွဲ့တွေ၊ KNDF နဲ့ ကရင်နီတပ်မတော် KA တွေက ရှောင်တခင် ဝင်ရောက်တိုက်ခိုက်လိုက်လို့ စစ်ကောင်စီဘက်တော်သား (၅) ဦး သေဆုံးသွားခဲ့တယ်လို့ KNDF သတင်းနှင့်ပြန်ကြားရေးဌာန က ပြောပါတယ်။ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ (၃၁) ရက်‌နေ့က တိုက်ပွဲအတွင်း ဒဏ်ရာပြင်းထန်စွာရရှိခဲ့ KNDF့ ရဲဘော်တစ်ဦး ဆေးကုသမှုခံယူနေစဉ် ကျဆုံးခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်ကို…

read more

ရန်ကုန်၊ ဇန်နဝါရီ (၁) ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ငွေတောင်ဆည် တိုက်ပွဲမှာ စစ်ကောင်စီဘက်က (၃၀) နီးပါး သေဆုံးခဲ့တယ်လို့ ကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDF သတင်းနှင့်ပြန်ကြားရေးဌာန ဆီက သိရပါတယ်။ ငွေတောင်ဆည် အနီးက မြို့မရဲစခန်းမှာ တပ်စွဲထားတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ကရင်နီတပ်မတော် KA နဲ့ PDF ပူးပေါင်းအဖွဲ့တွေကြား မနေ့ မနက် (၈) နာရီကျော်ကနေ ညနေ (၆) နာရီကျော်အထိ တိုက်ပွဲတွေ ပြင်းထန်ခဲ့တာ ဖြစ်ပါတယ်။ တိုက်ပွဲအတွင်း ကရင်နီတပ်မတော် KA ဘက်က ရဲဘော်တစ်ဦးလည်း ပြင်းထန်စွာ ဒဏ်ရာရှိခဲ့တယ်လို့ KNDF က ပြောပါတယ်။ မနေ့က ဖရူဆိုမြို့နယ်၊ ထီသော်တနီးကျေးရွာ နဲ့ လောတောတနောရွာ အနီးမှာလည်း အကြမ်းဖက်စစ်ကောင်တပ်တွေနဲ့ ကရင်နီတပ်မတော် KA တို့ကြား…

read more