ရန်ကုန်၊ မတ် (၂၃) ခမရ (၃၆၇) တပ်ရင်း ကို PDF အဖွဲ့တွေရဲ့ လှုပ်ရှားမှုတွေကို သတင်းပေးပို့နေတဲ့ စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်၊ တွန်နိမ်ကျေးရွာနေ ပွဲမောင် ကို သုတ်သင်ရှင်းလင်းလိုက်ပြီ ဖြစ်တယ်လို့ ဖောင်းပြင်မြို့နယ်၊ ပင့်ကူနက်အဖွဲ့က ပြောပါတယ်။

read more

ရန်ကုန်၊ ဇန်နဝါရီ (၂၃) စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ် အတွင်းက စခန်း (၂) ကို PDF တပ်ဖွဲ့ဝင် (၁၀၀) ကျော်က မနေ့ မနက်အစောပိုင်း (၃) နာရီဝန်းကျင်က လာရောက်တိုက်ခိုက်ခဲ့တဲ့အတွက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စခန်းစွန့်ခွာထွက်ပြေးခဲ့ရတယ်လို့ စစ်ခေါင်းဆောင် ရဲ့ သတင်းပြန်ကြားရေးအဖွဲ့ဆီက သိရပါတယ်။ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် တချို့ပျောက်ဆုံးနေသလို၊ စစ်လက်နက်တွေလည်း ပျောက်ဆုံးနေတယ်လို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ပြန်လည်တိုက်ခိုက်ခဲ့ပေမယ့် PDF တပ်ဖွဲ့ဝင်တွေက ထပ်မံအင်အားတိုးမြှင့်တိုက်ခိုက်လာခဲ့တဲ့အတွက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ စခန်း (၂) ကို စွန့်ခွာထွက်ပြေးခဲ့ရတာ ဖြစ်တယ်လို့ သိရပါတယ်။ တိုက်ပွဲအတွင်း စစ်ကောင်စီအဆောက်အအုံ တစ်ခု နဲ့ လူနေအိမ်တစ်လုံး မီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီ (၂၁)…

read more