ရန်ကုန်၊ဒီဇင်ဘာ(၈) နယ်စပ်ဒေသတွေ၊ တိုင်ရင်းသားဒေသတွေနဲ့ ခုခံတော်လှန်စစ် အင်အားကောင်းတဲ့ မြန်မာနိုင်ငံအလယ်ပိုင်း ဒေသတွေမှာ စစ်ရာဇဝတ်မှုတွေ နေ့တိုင်းနီးပါး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ကျူးလွန်နေပေမယ့် စစ်တပ်က ပြည်သူကိုကာကွယ်စောင့်ရှောက်နေတယ်လို့ စစ်ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း ကပြောပါတယ်။

read more

ရန်ကုန်၊ဧပြီ(၁၂) စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့၊ ပဇီကြီးကျေးရွာ ကို မနေ့(ဧပြီ၁၁)ရက်နေ့မှာ လေယာဉ်နဲ့ ဗုံးကြဲ၊ ပစ်ခတ်တိုက်ခိုက်ခဲ့ပေမယ့် PDF အဖွဲ့တွေ အသုံးပြုနေတဲ့ ယမ်းတွေ၊ မိုင်းတွေ သိုလှောင်ထားတဲ့ နေရာကို ထိမှန်ပြီး ပေါက်ကွဲခဲ့တာ ဖြစ်တယ်လို့ စစ်ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း က ပြောဆိုလိုက်ပါတယ်။

read more

ရန်ကုန်၊ မတ် (၂၈) “ဖက်ဆစ်စစ်တပ်ဟာ သူတို့ရဲ့ ပြုမူနေကြ အလေ့အထအတိုင်းပဲ တိုင်းရင်းသားတွေအကြားမှာ နည်းမျိုးစုံနဲ့ သွေးခွဲ သပ်လျှိုဖို့ ကြိုးစားနေတယ်ဆိုတာကို လယ်ပြင်မှာ ဆင်သွားသလို အထင်အရှားပဲ တွေ့မြင်နေရ ပါတယ်။ ဒါကြောင့် ကျနော်တို့အားလုံး စစ်တပ်ရဲ့ ထောင်ချောက်ကို သတိကြီးကြီးနဲ့ စောင့်ကြည့်နေရမဲ့ အချိန်လည်းဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလ ဒီနေ့မှာ ပြောကြားလိုက်ပါတယ်။

read more

ရန်ကုန်၊မတ်(၂၉) အကြမ်းဖက်အဖွဲ့အစည်းတွေလို့ သတ်မှတ်ထားတဲ့အဖွဲ့တွေနဲ့ ထောက်ပံ့နေတဲ့ အဖွဲ့တွေကို တွေ့ဆုံဆွေးနွေးမှာ မဟုတ်ဘဲ နိုင်ငံတည်ငြိမ်အေးချမ်းတဲ့အထိ နှိမ်နင်းဆောင်ရွက်မယ်လို့ စစ်ခေါင်းဆောင်က ပြောဆိုနေချိန်မှာ စစ်ကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်း က တပ်မတော် လုပ်နေတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ သက်ဆိုင်သူတွေ၊ တိုင်းရင်းသားပြည်သူတွေ နဲ့ အကျိုးဆောင်တွေအားလုံးက ဝိုင်းဝန်းကူညီပံ့ပိုးပေးကြဖို့ တောင်းဆိုလိုက်ပါတယ်။

read more

ရန်ကုန်၊ မတ်(၉) မြန်မာပြည်သူတွေနဲ့ ယူကရိန်းပြည်သူတွေ လက်ရှိရင်ဆိုင်နေရတဲ့ အခြေအနေတွေက ထပ်တူနီးပါးဖြစ်နေပြီး လက်နက်အားကိုးကာ ခြယ်လှယ်နေတဲ့ အာဏာရှင်တွေကို ပြည်သူလူထုအားနဲ့ ရင်ဆိုင်တွန်းလှန်ရမှာဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ယာယီသမ္မတ ဒူဝါလရှီးလ က ပြောပါတယ်။

read more