ရန်ကုန်၊ ဇန်နဝါရီ (၁၀) မြန်မာနိုင်ငံ စစ်ကောင်စီ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ မြေးတစ်ဦး ရဲ့ နှလုံး ကို ခွဲစိတ် ဖို့အတွက် အိန္ဒိယနိုင်ငံက ဆရာဝန်ကြီး တွေကို မြန်မာနိုင်ငံအတွင်း ပင့်ဖိတ်ခဲ့တယ်လို့ India Today သတင်းဌာနမှ သတင်းဖော်ပြခဲ့ပါတယ်။ သတင်းထဲမှာ စစ်ကောင်စီ အကြီးအကဲ ကို မြန်မာနိုင်ငံရဲ့ ဝန်ကြီးချုပ်အဖြစ် ရည်ညွှန်းထားတာကိုလဲ တွေ့မြင်ရပါတယ်။ မြန်မာနိုင်ငံ ဝန်ကြီးချုပ် ရဲ့ မြေးဖြစ်သူ (၉) လ သားအရွယ် ကလေးငယ် ဟာ မွေးရာပါ နှလုံးရောဂါ ခံစားနေရပြီး ကလေးငယ် ရဲ့ ရောဂါကို ခွဲစိတ်ကုသဖို့အတွက် အိန္ဒိယနိုင်ငံ၊ ဟိုက်ဒရာဘတ်မြို့ က ဆရာဝန် တွေကို ပင့်ဖိတ်ခဲ့တာ ဖြစ်ပါတယ်။ ခွဲစိတ်မှုကို…
read moreရန်ကုန်၊ ဇန်နဝါရီလ (၂) ထာဝရငြိမ်းချမ်းရေးအတွက် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး NCA ကို လက်မှတ်ရေးထိုးလာနိုင်ရေး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ အားလုံး တက်ညီလက်ညီစုပေါင်း အကောင်အထည်ဖော်ကြဖို့ လိုအပ်တယ်လို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ဒီနေ့မှာ ပြောဆိုလိုက်ပါတယ်။ တာဝန်ရှိသူ၊ သက်ဆိုင်သူအားလုံးက မှန်ကန်တဲ့ စိတ်ရင်းစေတနာ၊ ပြင်းပြသောဆန္ဒတွေနဲ့ တက်ညီလက်ညီစုပေါင်း အကောင်အထည်ဖော်ကြဖို့ လိုအပ်တယ်လို့ ကရင်အမျိုးသားနှစ်သစ်ကူးနေ့အတွက် ပေးပို့တဲ့ သဝဏ်လွှာထဲမှာ သူက ထည့်သွင်းပြောဆိုလိုက်တာ ဖြစ်ပါတယ်။ နိုင်ငံတော်ကို စစ်မှန်ပြီး စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီစနစ် ခိုင်မာ အားကောင်းလာစေဖို့အတွက် အဓိကအခြေခံအချက်ဖြစ်တဲ့ ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာ အာဏာတည်တံ့ခိုင်မြဲရေးဆိုတဲ့ ဒို့တာဝန်အရေး(၃)ပါး ကို တိုင်းရင်းသား ပြည်သူအားလုံး စည်းလုံးညီညွတ်တဲ့ စုပေါင်းအင်အားနဲ့ နိုင်ငံတော်ကို…
read moreရန်ကုန်၊ဇန်နဝါရီ(၁) နိုင်ငံတော်ကြီး ပိုမိုတည်ငြိမ်အေးချမ်းပြီး သာယာဝပြောဖို့ နဲ့ စားရေရိက္ခာဖူလုံစေဖို့အတွက် ကျွန်တော်တို့အစိုးရ အနေနဲ့ တိုင်းရင်းသားပြည်သူတွေအတူ တစ်စိတ်တစ်ဝမ်းထဲ တက်ညီလက်ညီ ဆက်လက်ပူးပေါင်းဆောင်ရွက်နေတဲ့အတွက် “ညီညာမှ ပြည်သာမည်” ဖြစ်လို့ ကျွန်တော်တို့ရဲ့ စုစည်းအား နဲ့ တိုင်းပြည်သာယာဝပြောရေး ဝိုင်းဝန်း တည်ဆောက်ကြပါလို့ အာဏာသိမ်း စစ်ခေါင်းဆောင် က ပြောဆိုလိုက်ပါတယ်။ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် က ၂၀၂၂ ခုနှစ် နှစ်သစ်ကူးနှုတ်ခွန်းဆက်စကား ပြောကြားချိန်မှာ ပြောဆိုခဲ့တာဖြစ်ပါတယ်။ ၂၀၂၂ ခုနှစ်ဟာ အရေးပါတဲ့နှစ်ဖြစ်သလို လာမယ့် ဖေဖော်ဝါရီလ (၁၂) ရက်နေ့ဟာ စိန်ရတု ပြည်ထောင်စုနေ့ဖြစ်ပြီး ၂၀၂၃ ခုနှစ် ဇန်နဝါရီလ (၄) ရက်နေ့ဟာ စိန်ရတု လွတ်လပ်ရေးနေ့ဖြစ်တဲ့အတွက် အခုနှစ်ဟာ စိန်ရတု အကြိုကာလ ဖြစ်တယ်လို့ သူက ပြောပါတယ်။…
read moreရန်ကုန်၊ဒီဇင်ဘာ (၂၈) မြန်မာနိုင်ငံအတွင်းမှာ ဆေးဝါးထုတ်လုပ်နိုင်တဲ့ ဆေးဖက်ဝင် သစ်ပင်မျိုးစုံနဲ့ သစ်ဥသစ်ဖုတွေ အများအပြားရှိနေတဲ့အတွက် မြန်မာ့တိုင်းရင်းဆေးတွေကို ခေတ်မီနည်းပညာရပ်တွေနဲ့ ပေါင်းစပ်ထုတ်လုပ်နိုင်ဖို့ တီထွင်ကြံဆကြပါလို့ အာဏာသိမ်း စစ်ခေါင်းဆောင် က ပြောဆိုလိုက်ပါတယ်။ မနေ့က ဒီဇင်ဘာ(၂၇) ရက်နေ့မှာပြုလုပ်တဲ့ တပ်မတော်သူနာပြု၊ ဆေးဘက်ပညာတက္ကသိုလ် သူနာပြု၊ ဆေးဘက်ပညာ သိပ္ပံဘွဲ့သင်တန်း အမှတ်စဉ်(၁၉)နဲ့ အမျိုးသမီးသူနာပြု၊ ဆေးဘက်ပညာသိပ္ပံဘွဲ့သင်တန်း အမှတ်စဉ်(၆) သင်တန်းဆင်းပွဲမှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က အခုလိုပြောဆိုခဲ့တာ ဖြစ်ပါတယ်။ “နွယ်မြက်သစ်ပင်ဆေးဖက်ဝင် ဆိုတဲ့ ဆိုရိုးစကားအတိုင်း မြန်မာနိုင်ငံမှာ ဆေးဝါးထုတ်လုပ်နိုင်တဲ့ ဆေးဖက်ဝင် သစ်ပင်မျိုးစုံ၊ သစ်ဥသစ်ဖုတွေက ပေါက်ရောက်နေတဲ့အတွက် တာဝန်ကျရာ ဒေသအသီးသီးမှာရှိတဲ့ ဆေးဖက်ဝင်အပင်မျိုးစုံကို မိမိတို့ တတ်ကျွမ်း နားလည်ထားတဲ့ ဆေးဝါးကျွမ်းကျင်မှုဆိုင်ရာ အခြေခံကောင်းတွေကို ကောင်းမွန်မှန်ကန်စွာ အသုံးချပြီး သုတေသနလုပ်ငန်းတွေကို…
read moreရန်ကုန်၊ဒီဇင်ဘာ(၂၅) မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ (၇၈) လမ်း နဲ့ (၃၈) လမ်း ထောင့်မှာရှိတဲ့ စစ်တပ်ကခေါင်းဆောင်ပိုင်းတွေ ပိုင်ဆိုင်တဲ့ ရတနာပုံခန်းမ အနီးမှာ ဒီနေ့မနက်ပိုင်းက ပေါက်ကွဲမှု တစ်ခုဖြစ်ခဲ့တယ်လို့ ဒေသခံပြည်သူတွေဆီက သိရပါတယ်။ “ဒီနေ့မနက်(၇) နာရီကျော်လောက်ကပေါက်တာ၊ မိန်းခလေးတစ်ယောက် လာပစ်တာလို့သိရတယ် ပစ်ရင်းနဲ့ပေါက်သွားလို့ သူလည်းထိတယ်” လို့ မန္တလေးမြို့ခံပြည်သူတစ်ဦးက ပြောပါတယ်။ ရတနာပုံခန်းမ ဟာ စစ်တပ်ကအာဏာအဓမ္မသိမ်းယူပြီးနောက် မေ (၁၇) ရက်မှာ အကြမ်းဖက် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက် ဖွင့်လှစ်ပေးခဲ့တဲ့ နေရာဖြစ်ပါတယ်။
read moreရန်ကုန်၊ ဒီဇင်ဘာ (၂၄) စစ်ရာဇဝတ်ကောင် စစ်အာဏာရှင်တွေရဲ့ လုပ်ရပ်တွေက လက်နက်ကိုင် ပဋိပက္ခ ကာလအတွင်း ဘယ်အခြေအနေမှာ မဆို နှစ်ဘက်တပ်ဖွဲ့တွေ မဖြစ်မနေ လိုက်နာရမယ့် အပြည်ပြည်ဆိုင်ရာ လူသားချင်းစားနာမှု ဥပဒေကို ကျူးလွန်ဖောက်ဖျက်နေတာ ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး က ဒီနေ့မှာ ပြောဆိုလိုက်ပါတယ်။ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း နေ့တိုင်းနီးပါး ကလေးတွေနဲ့ သက်ကြီးတွေကိုပါမချန် အပြစ်မရှိတဲ့ ပြည်သူတွေကို မြင်တာနဲ့ ဖမ်းဆီး နှိပ်စက်သတ်ဖြတ်ပြီး ဥပဒေမဲ့ ထင်ရာခိုင်းနေတာ ဖြစ်တယ်လို့ သူက ပြောပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီး အပါအဝင် အနောက်မြောက်ပိုင်းဒေသတွေကို စစ်တပ်က အနော်ရထာစစ်ဆင်ရေးလို့ နာမည်ပေးထားတဲ့ ကြည်း၊ ရေ၊…
read moreရန်ကုန်၊ ဒီဇင်ဘာ(၂၃) စစ်သားတွေရဲ့အဓိက တာဝန်ဟာ နိုင်ငံတော်ကာကွယ်ရေး ဖြစ်ပေမယ့် နိုင်ငံရေး အရ ဝင်ရောက်စွက်မှု၊ စီးပွားရေး ပိတ်ဆို့မှုတွေကိုပါ ကာကွယ်နိုင်ရေး ဆောင်ရွက်ကြရမှာ ဖြစ်တယ်လို့ အကြမ်းဖက် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြောပါတယ်။ ဘွဲ့ရအမျိုးသမီး ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၈) သင်တန်းဆင်းပွဲမှာ သူကအခုလို ပြောဆိုလိုက်တာ ဖြစ်ပါတယ်။ “တပ်မတော်အနေနဲ့ အခြေခံအကျဆုံးတာဝန်က နိုင်ငံတော်ကာကွယ်ရေး တာဝန်ပင် ဖြစ်ပါတယ်။ သာမန်အားဖြစ် နိုင်ငံတော်ကိုထိပါးလာမယ့် ပြည်တွင်း၊ ပြည်ပ အန္တရာယ်တွေကို ကာကွယ်ချေမှုန်း တိုက်ခိုက်သွားဖို့ ဖြစ်ပေမယ့်လည်း ဒီနေ့ခေတ် အချိန်ကာလမှာ စစ်ရေးနည်းလမ်းသာမက နိုင်ငံရေးအရ ဝင်ရောက်စွက်ဖက်မှု၊ စီးပွားရေးအရ ပိတ်ဆို့မှု၊ သတင်းမှားများဖြန့်ချိမှု၊ ယဉ်ကျေးမှုအရ ထိုးဖောက်ဝင်ရောက်မှု စတဲ့ အန္တရာယ်တွေကိုပါ ကာကွယ်နိုင်ရေး ဆောင်ရွက်သွားကြဖို့ လိုပါတယ်”…
read more-
« Previous
1
…
3
4
5
About C8 News
၂၀၂၀ ခုနှစ်မှာ သတင်းအေဂျင်စီလုပ်ငန်း အသိအမှတ်ပြု လိုင်စင်ရရှိထားသည့် သတင်းဌာန ဖြစ်ပါသည်။၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ (၂၅) ရက်နေ့မှာ စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပြီး ပြည်သူများ သိသင့်သိထိုက်သည့် သတင်းများကို တိကျမှန်ကန်စွာ ဖော်ထုတ်၊ ရေးသား၊ တင်ဆက်နေသည့် သတင်းဌာန ဖြစ်ပါသည်။
Please Subscribe Our YouTube Channel
ဆက်သွယ်ရန်
ph: +66 95 352 9680
email: c8ightnews@gmail.com
Recent Posts
- မြန်မာနိုင်ငံက ပြည်သူအများစုမှာ စိတ်ဒဏ်ရာတွေရရှိတွေ ရှိနေပြီလို့ သံအမတ်ကြီး ဦးကျော်မိုးထွန်း ထောက်ပြ
- စစ်ကောင်စီ စစ်ကြောင်းကို ဝင်တိုက်၊ စစ်ကောင်စီဘက်က (၆) ယောက် နေရာမှာသေဆုံး
- စစ်ဘေးနဲ့ ကပ်ဘေးကြောင့် မြန်မာပြည်သူတွေရဲ့ အရေးပေါ်လိုအပ်ချက်တွေ တိုးလာတယ်လို့ အမေရိကန်မြန်မာသံရုံး ထုတ်ပြော
- ဒီနေ့မှာ PDF မန္တလေးက ပြည်သူတွေနဲ့ လိုက်လံတွေ့ဆုံခဲ့တဲ့ မြင်ကွင်း
- လက်ရှိအချိန်မှာ နိုင်ငံ့စီးပွားရေး ပြန်လည်ဦးမော့လာပြီလို့ စစ်ခေါင်းဆောင် ပြောပြန်