ရန်ကုန်၊ ဇန်နဝါရီ (၂၀) စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့မှာ မနေ့က တစ်ရက်ထဲ ဗုံး (၁၅) လုံး ပေါက်ကွဲခဲ့တယ်လို့ ဒေသခံပြည်သူတွေဆီက သိရပါတယ်။ ဗုံး (၁၅) ကြိမ် ပေါက်ကွဲခဲ့တဲ့ နေရာတွေက ဘိုးဘွားရိပ်သာ မှာ (၂) လုံး၊ စက်မူစခန်း မှာ (၁) လုံး၊ စက်မူစခန်းမှာ (၂) လုံး၊ မြို့ပတ်လမ်းမှာ (၁) လုံး၊ မိုးကောင်းမှာ (၃) လုံး၊ ဘိုးဘွားရိပ်သာ အဝိုင်းပတ်မှာ (၁) လုံး၊ ဇရပ်ဝိုင်း KFC အနီး မှာ (၁) လုံး၊ နာရီစင်အနီး (၁) လုံး၊ ချင်းတွင်းမြင့်ဟိုတယ် (၁) လုံး၊ ဆည်မြောင်းရုံး မှာ (၁) နဲ့…

read more

ရန်ကုန်၊ ဒီဇင်ဘာ (၃၁) စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ မိုးကောင်းစစ်ဆေးရေးဂိတ် မှာ ဒီနေ့ နေ့လည်(၂) နာရီကျော်က ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံပြည်သူတွေက ပြောပါတယ်။ ဗုံးဖောက်ခွဲမှုကို မုံရွာမြို့နယ်က ညီနောင်အဖွဲ့တွေ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး တခြားသောနေရာတွေမှာလည်း ဗုံးဖောက်ခွဲမှုတွေ ဆက်လက်လုပ်ဆောင်မှာဖြစ်တဲ့အတွက် မိဘပြည်သူတွေအနေနဲ့ ညနေ (၄) နာရီနောက်ပိုင်း အပြင်မထွက်ကြဖို့ Monywa Heroes Group က သတိပေး ပြောကြားထားပါတယ်။ ဒီနေ့ နေ့လည်ပိုင်းကလည်း မုံရွာမြို့နယ်က မြန်မာ့စီးပွားရေးဘဏ် နဲ့ မြို့တော်ခန်းမ စစ်ကောင်စီကင်းတဲစခန်း တွေမှာ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပါသေးတယ်။

read more

ရန်ကုန်၊ ဒီဇင်ဘာ (၃၁) စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်က မြန်မာ့စီးပွားရေးဘဏ် နဲ့ မြို့တော်ခန်းမ စစ်ကောင်စီကင်းတဲစခန်း တွေမှာ ဒီနေ့ နေ့လည်ပိုင်းက ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံပြည်သူတွေဆီက သိရပါတယ်။ အဲ့ဒီဗုံးဖောက်ခွဲမှု နှစ်ကြိမ်စလုံးကို ညီတော်မဟာမိတ်အဖွဲ့တွေက ပြုလုပ်ခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်က ကျဆုံးသူအရေအတွက်ကို မသိရှိရသေးဘူးလို့ Special Regional Attacks Forces-MWA က သူရဲ့ လူမှုကွန်ယက်မှာရေးသားထားပါတယ်။ မုံရွာမြို့က ပြည်သူတွေအနေနဲ့ ဒီနေ့ ညနေ (၄) နာရီက စတင်ပြီး အပြင်မထွက်ဖို့ကိုလည်း Special Regional Attacks Forces-MWA အဖွဲ့က ဒီနေ့ မနက်ပိုင်းက အသိပေးပြောကြားထားပါသေးတယ်။

read more

ရန်ကုန်၊ ဒီဇင်ဘာ (၃၁) ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ သမိုင်းလမ်းဆုံ အနီး စီးတီးမတ် ရှေ့မှာ ကင်းစောင့်နေတဲ့ စစ်ကောင်စီ ဘက်တော်သား (၄) ဦး ဒီနေ့ နေ့လည်က ဗုံးပစ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ “သမိုင်းလမ်းဆုံမီးပွိုင့် City Mart အရှေ့မှာ ဖြစ်သွားတာ၊ ကျနော်စီးလာတဲ့ YBS လိုင်းကားကို သေနတ်နဲ့ လှမ်းပစ်တာခံလိုက်ရတယ်။ ကားကမီးပွိုင့်ထိပ်မှာ ရောက်နေတဲ့အချိန် သူ့တို့ဆီလာ ပစ်တဲ့သူကို လှမ်းပစ်တာ။ သေနတ်အရာ၂ချက်ထိတယ်၊ YBS ကားမှန်စတွေ ကွဲထွက် သွားတယ်၊ ကျွန်တော် အပါအဝင်ကားပေါ်က လူတွေ အားလုံးလန့်သွားကြတယ်” လို့ ကိုယ်တိုင်ကြုံခဲ့ရသူတစ်ဦးက ပြောပြပါတယ်။ လက်ရှိမှာ ပစ်ခတ်ကြောင့် လမ်းသွားလမ်းလာကားတွေကို ပိတ်ဆို့စစ်ဆေးနေတယ်လို့ သိရပါတယ်။

read more

ရန်ကုန်၊ ဒီဇင်ဘာ(၂၈) ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်၊ (၁၁၇) ရပ်ကွက်၊ ကျန်စစ်သားလမ်းမပေါ်က ရထားသံလမ်း အကူးအနီး မှာ ဒီနေ့မနက်ပိုင်းက ပေါက်ကွဲမှုဖြစ်ခဲ့ပြီး ရွှေတိဂုံဘုရား တောင်ဘက်မုဒ် နဲ့ ထန်းတပင်-လှိုင်သာယာလမ်းဘေး တွေမှာ မပေါက်ကွဲသေးတဲ့ ဗုံးတွေ ရှာဖွေတွေ့ရှိခဲ့တယ်လို့ ဒေသခံပြည်သူတွေဆီက သိရပါတယ်။ “(၁၁၇)ရပ်ကွက် ရထားလမ်းကူး ရထားဇလီဗာတုံးတွေကြားမှာ ပေါက်တာ၊ လူထိတာတော့မရှိသလို သံလမ်းလည်းမပျက်စီးဘူး၊ စစ်ခွေးတွေတော့ လာစစ်သွားတယ်” လို့ ဒဂုံမြို့သစ်အရှေ့ပိုင်းမှာနေထိုင်တဲ့ အမည်မဖော်လိုသူက ပြောပါတယ်။ ဒီနေ့နေ့လည် (၁) နာရီဝန်းကျင်က ရွှေတိဂုံဘုရားတောင်ဘက်မုခ်၊ ကျောက်စိမ်းဓမ္မာရုံ နဲ့ ယစ်မျိုးဓမ္မာရုံကြားမှာ မသင်္ကာဖွယ် အထုပ်တွေ့လို့ စစ်ကောင်စီအဖွဲ့က လာရောက်ရှင်းလင်းခဲ့ပါတယ်။ ဒီနေ့မနက်ပိုင်းမှာဘဲ ထန်းတပင်-လှိုင်သာယာလမ်းဘေးမှာ မသင်္ကာဖွယ်ရာ ပစ္စည်းတစ်ခုကို တွေ့ရှိရတဲ့အတွက် စစ်ကောင်စီအဖွဲ့က လာရောက်ရှင်းလင်းချိန် အဲ့ဒီအထုပ်အတွင်း ဘောစေ့တွေ၊ လက်လုပ်ယမ်းတွေပါရှိတဲ့…

read more

ရန်ကုန်၊ ဒီဇင်ဘာ(၂၃) ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ (၂၉) ရပ်ကွက် မှာ ဒီနေ့မနက်ပိုင်းက ပေါက်ကွဲမှု ဖြစ်ခဲ့ပြီး အကြမ်းဖက်စစ်သား(၂)ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံပြည်သူတွေဆီက သိရပါတယ်။ “မနက်(၉)နာရီကျော်လောက်မှာ ပေါက်တာ၊ တောင်ထိပ်ပန်းလမ်းထောင့် ကြီးပွားရေး လက်ဘက်ရည်ဆိုင် နားမှာ မသင်္ကာဖွယ်အထုပ်တွေ့လို့စစ်ကောင်စီအဖွဲ့က လာရှင်းတုန်း ထပေါက်တာ၊ စစ်သားနှစ်ကောင်ထိတယ်” လို့ဒေသခံတစ်ဦးက ပြောပါတယ်။ မနေ့ကညပိုင်းမှာလည်း လှိုင်သာယာမြို့နယ်၊ (၁၂) ရပ်ကွက်၊ အ.ထ.က (၂) ကျောင်းလမ်း မှာရှိတဲ့ ရဲကင်း အနီးမှာ ဗုံး (၂) လုံး ပေါက်ကွဲခဲ့ပါသေးတယ်။

read more