ရန်ကုန်၊ ဇန်နဝါရီ(၁၂) စစ်အာဏာသိမ်းပြီးနောက် နိုင်ငံတစ်ဝန်းမှာ နေ့စဉ်လျှပ်စစ်မီးပျက်တောက်တာတွေ ဖြစ်နေပေမယ့် အခုထက်ပိုပြီး မီးပျက်နေဦးမှာ ဖြစ်တယ်လို့ စစ်ကောင်စီလက်အောက်ခံ လျှပ်စစ်ဝန်ကြီးဌာန က ထုတ်ပြန်လိုက်ပါတယ်။ “မီးကတော့နေ့တိုင်းပျက်နေတာပဲ၊ ဒီထက်ပိုပျက်ဦးမယ်ဆိုလည်း သိပ်မထူးပါဘူး၊ မီးမလာတဲ့ အချိန်တွေမှာ အလင်းရောင်ရရှိရေး နဲ့ ချက်ပြုတ်စားသောက်ဖို့အတွက် လူတိုင်းနီးပါးက စီစဉ်ထားပြီးသားဆိုတော့ လာလာ၊ မလာလာ သိပ်ဂရုမစိုက်ပါဘူး” လို့ မြောက်ဒဂုံမြို့နယ် မှာ နေထိုင်တဲ့ အမျိုးသမီးတစ်ဦး က ပြောပါတယ်။ ၁၃၂ ကေဗွီ ဘီလူးချောင်း (၂) တီကျစ် ဓာတ်အားလိုင်း ဟာ (၂) ကြိမ်မြောက် တာဝါတိုင်တွေ ထပ်မံဖျက်ဆီးခံခဲ့ရလို့ ဘီလူးချောင်း ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ က ထွက်ရှိတဲ့ လျှပ်စစ်ဓာတ်အား (၂၂၀) မဂ္ဂါဝပ်ခန့်ကို နိုင်ငံတော်ဓာတ်အားစနစ်ကို ပို့လွှတ်နိုင်တာ မရှိဘဲ ဓာတ်အား…

read more