ရန်ကုန်၊ ဒီဇင်ဘာ(၂၃) စစ်သားတွေရဲ့အဓိက တာဝန်ဟာ နိုင်ငံတော်ကာကွယ်ရေး ဖြစ်ပေမယ့် နိုင်ငံရေး အရ ဝင်ရောက်စွက်မှု၊ စီးပွားရေး ပိတ်ဆို့မှုတွေကိုပါ ကာကွယ်နိုင်ရေး ဆောင်ရွက်ကြရမှာ ဖြစ်တယ်လို့ အကြမ်းဖက် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြောပါတယ်။ ဘွဲ့ရအမျိုးသမီး ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၈) သင်တန်းဆင်းပွဲမှာ သူကအခုလို ပြောဆိုလိုက်တာ ဖြစ်ပါတယ်။ “တပ်မတော်အနေနဲ့ အခြေခံအကျဆုံးတာဝန်က နိုင်ငံတော်ကာကွယ်ရေး တာဝန်ပင် ဖြစ်ပါတယ်။ သာမန်အားဖြစ် နိုင်ငံတော်ကိုထိပါးလာမယ့် ပြည်တွင်း၊ ပြည်ပ အန္တရာယ်တွေကို ကာကွယ်ချေမှုန်း တိုက်ခိုက်သွားဖို့ ဖြစ်ပေမယ့်လည်း ဒီနေ့ခေတ် အချိန်ကာလမှာ စစ်ရေးနည်းလမ်းသာမက နိုင်ငံရေးအရ ဝင်ရောက်စွက်ဖက်မှု၊ စီးပွားရေးအရ ပိတ်ဆို့မှု၊ သတင်းမှားများဖြန့်ချိမှု၊ ယဉ်ကျေးမှုအရ ထိုးဖောက်ဝင်ရောက်မှု စတဲ့ အန္တရာယ်တွေကိုပါ ကာကွယ်နိုင်ရေး ဆောင်ရွက်သွားကြဖို့ လိုပါတယ်”…

read more