ရန်ကုန်၊ ဇူလိုင် (၁၄) ချင်းပြည်နယ်၊ မင်းတပ်မြို့ဝင်ဂိတ်မှာ ကင်းစောင့်နေတဲ့ စစ်ကောင်စီလက်အောက်ခံ ခလရ (၂၇၄) တပ်ဖွဲ့ဝင်တွေကို ဒီနေ့မနက်မှာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

read more

ရန်ကုန်၊ ဇန်နဝါရီ (၈) စစ်ကောင်စီ လေကြောင်းကင်းထောက်အဖွဲ့တွေနဲ့ တိုက်လေယာဉ်တွေ ချင်းပြည်နယ်၊ မင်းတပ်မြို့ ဝေဟင်မှာ ဒီနေ့ညနေအထိ ပျံသန်းနေဆဲ ဖြစ်တယ်လို့ ဒေသခံတချို့ဆီက သိရပါတယ်။

read more

ရန်ကုန်၊ဇန်နဝါရီ(၁၃) အာဏာသိမ်း စစ်ကောင်စီ လက်အောက်ခံတပ်ဖွဲ့တွေက ချင်းပြည်နယ်အတွင်း သူတို့တပ်ဖွဲ့တွေ ချီတက်ရာ လမ်းကြောင်းတစ်လျှောက်မှာ CDF-Mindat အဖွဲ့တွေ ကြားဖျက်တိုက်ခိုက်မှာ ကြောက်ရွံ့တဲ့အတွက် လမ်းတစ်လျှောက်မှာရှိတဲ့ ကျေးရွာတွေကို လက်နက်ကြီးတွေ နဲ့ ပစ်ခတ်ခြိမ်းခြောက်ခဲ့တယ်လို့ မင်းတပ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ဆီကသိရပါတယ်။ “သူတို့စစ်ကြောင်းလာတဲ့ လမ်းတစ်လျှောက် ဘေးနားဝန်းကျင်က ရွာတွေကို လက်နက်ကြီးတွေ နဲ့ ပစ်ပြီး ချီတက်လာကြတာ၊ လူနေအိမ်တွေ အဆောက်အဦးတွေ ထိတယ်၊ ထိခိုက်ဒဏ်ရာရတာ နဲ့ သေဆုံးတာတွေရှိနိုင်တယ်၊ စာရင်းတော့ မသိရသေးဘူး” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ စစ်ကောင်စီ ရဲ့ သံချပ်ကား (၂) စီးပါဝင်တဲ့ စစ်ကား (၈၃) စီးဟာ မင်းတပ်မြို့ ကနေ မတူပီမြို့ ကို ချီတက်နေတာဖြစ်ပါတယ်။ စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့တွေဟာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေ နဲ့…

read more

ရန်ကုန်၊ ဇန်နဝါရီ (၁၁) မြန်မာနိုင်ငံအတွင်း အရေးပေါ် ကယ်ဆယ်ရေးလုပ်ငန်းတွေမှာ အသုံးပြုဖို့နဲ့ ဒိန်းမတ်နိုင်ငံ က ဒိန်းမတ် ခရိုနာ (၂၅) သန်း (အမေရိကန်ဒေါ်လာ ၃ဒဿမ၈ သန်း) ကို ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က တစ်ဆင့် လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ “မြန်မာနိုင်ငံက ပြည်သူတွေ အကူအညီအလိုအပ်ဆုံးအချိန်မှာ WFP ရဲ့ အရေးကြီးတဲ့ လူသားချင်းစာနာမှုဆိုင်ရာ အထောက်အပံ့ ပေးရေးလုပ်ငန်းတွေမှာ ပါဝင်ပံ့ပိုးခွင့်ရတဲ့အတွက် ကျွန်တော်တို့အနေနဲ့ အလွန်ပဲဝမ်းမြောက်မိပါတယ်။ ကံအားလျော်စွာပဲ လိုအပ်ချက်တွေ ပိုမိုများပြားလာပေမယ့် ဒိန်းမတ်နိုင်ငံရဲ့ အထောက်အပံ့ဟာ တကယ့်ကိုလိုအပ်‌နေတဲ့လူတွေကို ကူညီပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်” လို့ မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်သံရုံး ရဲ့ သံရုံးအကြီးအကဲ ဖြစ်သူ Mr Anders Graugaard က ပြောပါတယ်။…

read more