ရန်ကုန်၊ဒီဇင်ဘာ(၁) မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့အတွင်းမှာ အနုကြမ်းစီး ဓားပြမှုတွေ ဆက်တိုက်ဖြစ်ပေါ်နေပြီး မနေ့ နိုဝင်ဘာ(၃၀)ရက်နေ့မှာလည်း မန္တလေးမြို့ မဟာအောင်မြေမြို့နယ်က Pro7 Mobile Second Shop ဖုန်းအရောင်းဆိုင်ကို ဓားမြတိုက်ပြီး ဖုန်းအလုံး(၄၀)ကျော် လုယူမှု ဖြစ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

read more

ဝါး၊ ဓနိနှင့် တာလပတ်အမိုးအကာများဖြင့် အဓိကဆောက်လုပ်ထားသည့် နေအိမ်တဲများကို ယောကျ်ားသားများက ခန္ဓာကိုယ်တွင် အဝတ်ပင်မကပ်နိုင်ပဲ အင်တိုက်အားတိုက် ဖြိုဖျက်နေကြသည်။ နေအိမ်တဲများပေါ်ရှိ တစ်နိုင်သယ်နိုင်သည့် လူသုံးကုန်ပစ္စည်းနှင့် အဝတ်အစားထုပ်များကို အမျိုးသမီးများနှင့် ကလေးငယ်များက လမ်းမပေါ်သို့သယ်ထုတ်နေကြသည်။

read more

ရန်ကုန်၊ မတ်လ (၁၁) “စစ်ခွေးသင်္ချိုင်း စစ်ကိုင်းတိုင်း လူထုတစ်ရပ်လုံး ဝန်းရံကြ” ဆိုတဲ့ ဒီနေ့မနက်ပိုင်း မန္တလေးမြို့က စုပေါင်းသပိတ်စစ်ကြောင်း

read more

“အာဏာရူးစစ်ကောင်စီ ရဲ့ နေဝင်ချိန်ရောက်ပြီ” ဆိုတဲ့ မန္တလေးမြို့ ပြည်သူတွေ ဒီနေ့ မနက်ပိုင်းမှာ ပြုလုပ်ခဲ့တဲ့ ပြောက်ကျားသပိတ်စစ်ကြောင်း Photo- Spring Diary

read more

ရန်ကုန်၊ ဇန်နဝါရီ (၁၈) မန္တလေးမြို့၊ (၃၅) လမ်း၊ (၈၉) လမ်း နဲ့ (၉၀) လမ်း ကြားမှာရှိတဲ့ ကင်းစခန်း တစ်ခုကို ဗုံးခွဲတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်ဖွဲ့ဝင် (၄) ဦး သေဆုံးသွားခဲ့တယ်လို့ Phoenix-အထူးပြောက်ကျားတပ်ဖွဲ့ ရဲ့ ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဗိုလ်လင်းယုန် က ပြောပါတယ်။ ဗုံးခွဲတိုက်ခိုက်မှုကို မနေ့ ညအစောပိုင်းက Justice Mandalay People Defense Force (JMPDF) နဲ့ Phoenix အထူးပြောက်ကျားတပ်ဖွဲ့ (ရေစကြို) တို့က ပူးပေါင်းပြုလုပ်ခဲ့တာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ (၁၄) ရက်နေ့ ည (၇) နာရီကျော်ကလည်း မန္တလေးမြို့ (၃၅) လမ်း၊ (၈၆) လမ်း…

read more

ရန်ကုန်၊ ဇန်နဝါရီ (၁၅) မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့၊ (၃၅) လမ်း၊ (၈၆) လမ်း နဲ့ (၈၇) လမ်း ကြားက EPC ရုံး ရှေ့မှာ ကင်းစောင့်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် တွေကို ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့ တွေ က မနေ့ညပိုင်းမှာ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ “ပစ်ခတ်ချိန် လမ်းလျှောက်နေတေဲ့ စစ်ကောင်စီ တစ်ကောင် လှဲကျသွားတယ် ကျန်တစ်ကောင်က သဲအိပ်ဘန်ကာအောက်ကို ဝင်ပုန်းတာလား ကျွန်တော်တို့ပစ်လို့ လှဲကျသွားတာတော့ အတည်မပြုနိုင်ပါသေးဘူး။” Phoenix-အထူးပြောက်ကျားတပ်ဖွဲ့ က ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဗိုလ်လင်းယုန် က ပြောပါတယ်။ ပစ်ခတ်တိုက်ခိုက်ခဲ့လိုက်လို့ စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦး သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။ “စစ်ကောင်စီတွေ အနေနဲ့ သတ္တိရှိရင် မောင်းပြန်ချင်း ယှဉ်ပစ်မယ်။ လက်နက်မရှိတဲ့ အပြစ်မဲ့ပြည်သူတွေကို လက်နက်ပြပြီး အနိုင်ကျင့်တဲ့လုပ်ရပ်တွေကို…

read more

“ကျွန်တော်တို့မှာ အားကိုးစရာဆိုလို့ ပြည်သူဘဲရှိတယ်” ဆိုတဲ့ မန္တလေးမြို့ က ညနေခင်းသပိတ်စစ်ကြောင်း Photo- Revolution By Heroes

read more

ရန်ကုန်၊ ဒီဇင်ဘာ(၂၃) မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပတောင်းမြို့နယ် အတွင်းမှာ ဒီနေ့မနက်ပိုင်းက ရထားသံလမ်းပေါက်ကွဲမှုဖြစ်လို့ စစ်ကောင်စီအဖွဲ့က လာရောက်စစ်ဆေးချိန် နောက်မိုင်းတစ်လုံးထပ်မံ ပေါက်ကွဲခဲ့တာကြောင့် စစ်သား(၂)ဦး မိုင်းထိမှန်ခဲ့တယ်လို့ ဒေသခံပြည်သူတွေဆီက သိရပါတယ်။ “ကံပေါက်ရွာနားက သံလမ်းမှာပေါက်တာ၊ စစ်သားတွေ လာစစ်ချိန် နောက်ထပ်မိုင်းထပေါက်တာ၊ သူတို့ရှိလို့အနားတော့သွားမကြည့်ရဲကြဘူး၊ လူနာတင်ကားနဲ့ တင်နေတာတွေတွေ့ရတယ်” လို့ဒေသခံတစ်ဦးက ပြောပါတယ်။ ကျောက်ပတောင်း-ပျဉ်းမနား ရထားလမ်း မိုင်တိုင်အမှတ် (၃၆၁/၁၁-၁၂) ကြားမှာရှိတဲ့ ရထားခုံးကျော်တံတားကို မိုင်းထောင်ဖောက်ခွဲခဲ့လို့ စစ်ကောင်စီအဖွဲ့ကလာရောက် စစ်ဆေးနေချိန် သံလမ်းမှာ ထပ်ပြီးပေါက်ကွဲခဲ့တာဖြစ်ပါတယ်။ စစ်အာဏာသိမ်းပြီးနောက် ရန်ကုန်၊ မန္တလေး၊ ပြင်ဦးလွင်၊ မြစ်ကြီးနား စတဲ့ မြို့ကြီးတွေနဲ့ ဆက်စပ်တဲ့ မီးရထားလမ်းတွေမှာ မကြာခဏ ပေါက်ကွဲမှုတွေ ဖြစ်ပေါ်လေ့ရှိပါတယ်။

read more