ရန်ကုန်၊ဒီဇင်ဘာ(၁) မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့အတွင်းမှာ အနုကြမ်းစီး ဓားပြမှုတွေ ဆက်တိုက်ဖြစ်ပေါ်နေပြီး မနေ့ နိုဝင်ဘာ(၃၀)ရက်နေ့မှာလည်း မန္တလေးမြို့ မဟာအောင်မြေမြို့နယ်က Pro7 Mobile Second Shop ဖုန်းအရောင်းဆိုင်ကို ဓားမြတိုက်ပြီး ဖုန်းအလုံး(၄၀)ကျော် လုယူမှု ဖြစ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

read more

ရန်ကုန်၊ ဇွန် (၂၁) ရန်ကုန်က ပြန်လာတဲ့ စစ်ကောင်စီလက်အောက်ခံ တပ်ကြပ်ကြီးမျိုးထွေး ကို ဒီနေ့ မနက်ပိုင်းက သေနတ်နဲ့ ပစ်သတ်ခဲ့လို့ သေဆုံးသွားပြီး ဖြစ်တယ်လို့ ပြည်သူ့ကာကွယ်ရေးမြို့ပြပြောက်ကျားတပ်ဖွဲ့ (မန္တလေး) က ပြောပါတယ်။

read more

ရန်ကုန်၊ မေ (၂၉) စိန်ပန်းအကွက်မှူး တာဝန်ခံအဖြစ် လူသိများတဲ့ သတင်းပေးဒလန် ကိုရန်နိုင်ကျော် (ခ) ထော့ကျိုး ကို ပစ်ခတ်ရှင်းလင်းချိန် အတူပါလာတဲ့ ကိုအောင်မိုးကျော် ပါ ကျည်ဆံထိမှန်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးမြို့ပြပျောက်ကျားတပ်ဖွဲ့ (မန္တလေး) က ပြောပါတယ်။

read more

ရန်ကုန်၊ဖေဖော်ဝါရီ(၃) မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ် ညောင်ကွဲရပ်ကွက်က ဒလန်လို့ နာမည်ထွက်နေတဲ့ စစ်မှုထမ်းဟောင်းတစ်ဦးဖြစ်တဲ့ ဦးစံလှိုင် ကို အမည်မသိသူတွေက ဒီနေ့မှာသေနတ်နဲ့ ပတ်ခတ်ခဲ့တဲ့အတွက် သေဆုံးသွားပြီဖြစ်တယ်လို့ ဒေသခံပြည်သူတွေဆီက သိရပါတယ်။

read more

ရန်ကုန်၊ ဇန်နဝါရီ (၂၀) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ USDP ဝင် နေအိမ်အတွင်းကို စစ်ကောင်စီလက်အောက်ခံ ရဲ နဲ့ စစ်သားတွေ ရောက်ရှိနေချိန်မှာ ဗုံးပစ်ခံခဲ့ရတယ်လို့ ဒေသခံပြည်သူတွေဆီက သိရပါတယ်။ မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ အရှေ့ပတ္တားရပ်၊ အမေတက်သိမ်းနတ်နန်း အနီးက USDP ပါတီဝင် ညွန့်ဝင်း ရဲ့ နေအိမ်ကို မနေ့ နေ့လည်ပိုင်းက ရဲ၊ စစ်သား (၇) ဦး စုဝေးရောက်ရှိနေချိန်မှာ ဗုံးပစ်တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ အဆိပ်ပြင်းသောလူငယ်များ(မန္တလေး) က ပြောပါတယ်။ “ကျတော်တို့အဖွဲ့တွေ နေအိမ်အတွင်းကို သံပုရာသီး တလုံးပစ်ကြွေး ဆုံးမလိုက်တယ်။ အထိအခိုက်စာရင်းကို ဆက်လက် စုံစမ်းနေဆဲ” ဖြစ်တယ်လို့ သူတို့ရဲ့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။ အဆိပ်ပြင်းသောလူငယ်များ(မန္တလေး) အဖွဲ့ဟာ အခုလ ဇန်နဝါရီ (၁၂) ရက်နေ့ကလည်း…

read more

“ငါတို့တိုင်းပြည်အနာဂတ်အတွက် ငါတို့ကိုယ်တိုင်တိုက်ပွဲဝင်မယ်” ဆိုတဲ့ ကြွေးကြော်သံတွေနဲ့ ချီတက်ဆန္ဒပြခဲ့ကြတဲ့ မဟာအောင်မြေမြို့နယ် က လူထုသပိတ်စစ်ကြောင်း။

read more

ရန်ကုန်၊ဒီဇင်ဘာ(၂၅) မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ (၇၈) လမ်း နဲ့ (၃၈) လမ်း ထောင့်မှာရှိတဲ့ စစ်တပ်ကခေါင်းဆောင်ပိုင်းတွေ ပိုင်ဆိုင်တဲ့ ရတနာပုံခန်းမ အနီးမှာ ဒီနေ့မနက်ပိုင်းက ပေါက်ကွဲမှု တစ်ခုဖြစ်ခဲ့တယ်လို့ ဒေသခံပြည်သူတွေဆီက သိရပါတယ်။ “ဒီနေ့မနက်(၇) နာရီကျော်လောက်ကပေါက်တာ၊ မိန်းခလေးတစ်ယောက် လာပစ်တာလို့သိရတယ် ပစ်ရင်းနဲ့ပေါက်သွားလို့ သူလည်းထိတယ်” လို့ မန္တလေးမြို့ခံပြည်သူတစ်ဦးက ပြောပါတယ်။ ရတနာပုံခန်းမ ဟာ စစ်တပ်ကအာဏာအဓမ္မသိမ်းယူပြီးနောက် မေ (၁၇) ရက်မှာ အကြမ်းဖက် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက် ဖွင့်လှစ်ပေးခဲ့တဲ့ နေရာဖြစ်ပါတယ်။

read more