ရန်ကုန်၊ဇွန် (၂၂) မီတာခကောက်ပြီး ပြန်လာတဲ့ မြင်းခြံမြို့နယ် EPC ရုံး က ဒုတိယလက်ထောက်ကြီးကြပ်ရေးမှူး ဦးတင်ကို နဲ့ ဦးမျိုးဇော်ဝင်း သေနတ်နဲ့ ပစ်သတ်ခံရလို့ သေဆုံးသွားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

read more

ရန်ကုန်၊ မတ် (၁၅) ပြည်သူတွေဆီက မီတာခ ကောက်ခံနေတဲ့ မန္တလေးတိုင်းဒေသကြီး၊ မြို့သာမြို့ လျှပ်စစ်ရုံးကို မနေ့ည (၇) နာရီခွဲက ဗုံးခွဲသတိပေးခဲ့တယ်လို့ မြောင်မြို့နယ် T.G.R – ပြည်သူ့ကာကွယ်ရေးတပ်က ပြောပါတယ်။

read more

ရန်ကုန်၊ ဇန်နဝါရီ (၂၂) ခုခံတော်လှန်စစ် ဆင်နွှဲနေတဲ့ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့ မှာ လျှပ်စစ်မီတာခကောက်ခံဖို့ ကြောက်ရွံ့နေတဲ့အတွက် အခက်အခဲဖြစ်နေတယ်လို့ စစ်ကောင်စီလက်အောက်ခံ လျှပ်စစ်ဝန်ထမ်းတွေပြောပါတယ်။ “ဒီနေ့အထိ မီတာခကောက်ဖို့ ရွာတွေကို မသွားရဲကြဘူး၊ မီးကြိုးတွေ သွယ်တုန်းက ဝန်ထမ်းအသတ်ခံရတယ် တရားခံလည်းမပေါ်ဘူး၊ ဘယ်သူကမှ အရေးတယူ ဆောင်ရွက်ပေးတာမရှိဘူး၊ လူသာသေသွားတယ် ဘာမှလည်းမလုပ်ပေးနိုင်ဘူး ဒါကြောင့် မီတာခတွေ လိုက်မကောက်တာကြာပြီ” လို့ အခြေအနေအရ ဝန်ထမ်းဆက်လက် လုပ်ကိုင်နေရသူတစ်ဦး က ပြောပါတယ်။ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဖြစ်တဲ့ ရေစကြို PDF အဖွဲ့က ရဲကင်းစခန်း (၂) ခု ကို ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်ခဲ့ပြီးနောက် ရေစကြိုမြို့နယ်၊ ရပ်ကွက်၊ ရပ်ကျေး အုပ်ချုပ်ချုပ်ရေးမှူးတွေ တာဝန်ကနေ နှုတ်ထွက်ခဲ့ကြတာ ဖြစ်ပါတယ်။ “ပိုက်ဆံရဖို့ မီတာခကောက်ခိုင်းတယ်၊…

read more

ရန်ကုန်၊ ဇန်နဝါရီ(၁၂) စစ်အာဏာသိမ်းပြီးနောက် နိုင်ငံတစ်ဝန်းမှာ နေ့စဉ်လျှပ်စစ်မီးပျက်တောက်တာတွေ ဖြစ်နေပေမယ့် အခုထက်ပိုပြီး မီးပျက်နေဦးမှာ ဖြစ်တယ်လို့ စစ်ကောင်စီလက်အောက်ခံ လျှပ်စစ်ဝန်ကြီးဌာန က ထုတ်ပြန်လိုက်ပါတယ်။ “မီးကတော့နေ့တိုင်းပျက်နေတာပဲ၊ ဒီထက်ပိုပျက်ဦးမယ်ဆိုလည်း သိပ်မထူးပါဘူး၊ မီးမလာတဲ့ အချိန်တွေမှာ အလင်းရောင်ရရှိရေး နဲ့ ချက်ပြုတ်စားသောက်ဖို့အတွက် လူတိုင်းနီးပါးက စီစဉ်ထားပြီးသားဆိုတော့ လာလာ၊ မလာလာ သိပ်ဂရုမစိုက်ပါဘူး” လို့ မြောက်ဒဂုံမြို့နယ် မှာ နေထိုင်တဲ့ အမျိုးသမီးတစ်ဦး က ပြောပါတယ်။ ၁၃၂ ကေဗွီ ဘီလူးချောင်း (၂) တီကျစ် ဓာတ်အားလိုင်း ဟာ (၂) ကြိမ်မြောက် တာဝါတိုင်တွေ ထပ်မံဖျက်ဆီးခံခဲ့ရလို့ ဘီလူးချောင်း ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ က ထွက်ရှိတဲ့ လျှပ်စစ်ဓာတ်အား (၂၂၀) မဂ္ဂါဝပ်ခန့်ကို နိုင်ငံတော်ဓာတ်အားစနစ်ကို ပို့လွှတ်နိုင်တာ မရှိဘဲ ဓာတ်အား…

read more