ရန်ကုန်၊ဇန်နဝါရီ(၁၆) ရန်ကုန်မြို့၊ အလုံမြို့နယ်၊ စောရန်ပိုင်ရပ်ကွက်၊ ထော်လီကွေ့ အနီးက ထူးဆီဆိုင်မှာ ဒီနေ့မနက်အစောပိုင်းက မီးလောင်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ “မနက် (၄) နာရီလောက်မှာ၊ ပေါက်ကွဲသံလို အသံအကျယ်ကြီးကြားတယ် ဗုံးပေါက်တယ်လို့ ထင်နေတာ၊ နောက်မှ ထူးဆီဆိုင် မီးလောင်တယ်ဆိုပြီး သိရတယ်၊ ဘာကြောင့်လောင်တယ် ဆိုတာတော့မသိဘူး၊ အဆောက်အဆုံတွေတော့ပျက်စီးသွားတယ်၊ အဲ့နားကလူတွေ အကုန်လန့်ပြီး ပြေးကြရတယ် ဆီဆိုင်ဆိုတော့ ပတ်ဝန်းကျင် မီးကူးမှာ ကြောက်လို့လေ” လို့ အလုံမြို့နယ် အတွင်းမှာ နေထိုင်သူတဲ့ ပြည်သူတစ်ဦးက ပြောပါတယ်။ မီးလောင်ကျွမ်းတာနဲ့ ပတ်သက်ပြီး (၄:၂၅) အချိန် မီးထိန်းကာ (၄:၃၀) အချိန်မီးငြိမ်း ခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ က လူမှုကွန်ယက်စာမျက်နှာမှာ ရေးသားထားပါတယ်။

read more