ရန်ကုန်၊ မေ (၂၁) မုံရွာ မန္တလေး အမြန်လမ်းက စွမ်းရည်ထက် စက်သုံးဆီဆိုင်အနီးမှာ တပ်စွဲထားတဲ့ စစ်ကောင်စီ စခန်းကို မေ (၁၉) ရက်နေ့က တိုက်ခိုက်ခဲ့တယ်လို့ PDF ပူးပေါင်းအဖွဲ့ဆီက သိရပါတယ်။

read more

ရန်ကုန်၊ဇွန် (၂၂) မီတာခကောက်ပြီး ပြန်လာတဲ့ မြင်းခြံမြို့နယ် EPC ရုံး က ဒုတိယလက်ထောက်ကြီးကြပ်ရေးမှူး ဦးတင်ကို နဲ့ ဦးမျိုးဇော်ဝင်း သေနတ်နဲ့ ပစ်သတ်ခံရလို့ သေဆုံးသွားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

read more

ရန်ကုန်၊ ဇွန် (၂၁) စစ်ကောင်စီလက်အောက်ခံ ပျူစောထီးခေါင်းဆောင် ဦးမျိုးတင့် ရဲ့ နေအိမ်ကို ဒီနေ့ နေ့လည်ပိုင်းက ဝင်ရောက်စီးနင်းခဲ့တယ်လို့ Aung San Generation အဖွဲ့က C8News ကို ပြောပါတယ်။

read more

ရန်ကုန်၊ ဇန်နဝါရီ (၁) စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ ကျောက္ကာလမ်း၊ မြဝတီရပ်ကွက်ရုံး ရှေ့က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တပ်စွဲထားတဲ့ မိုးကောင်းခြံမှာ ဒီနေ့ နေ့လည်ပိုင်းက ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ ပစ်ခတ်မှုကို ရဲဘော်နာရွဲ့ဆွမ် ဦးဆောင်တဲ့ Northwest Plains Revolutionary Force၊ Monywa Heroes Group နဲ့ South Monywa PDF တပ်ဖွဲ့က ပြုလုပ်ခဲ့တာ ဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ အသေအပျောက်စာရင်းကို အခုချိန်ထိ အသေးစိတ်မရှိရသေးဘူးလို့ Monywa Heroes Group ရဲ့ ဒီနေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ မုံရွာမြို့နယ် ပြည်သူလူထုတွေ အနေနဲ့ မိမိတို့ကို တစ်ထောင့်တစ်နေရာကနေ လိုအပ်တဲ့ ပံ့ပိုးပေးတာတွေ ကူညီပေးကြဖို့ကိုလည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက မေတ္တာရပ်ခံ တောင်းဆိုထားပါတယ်။

read more

ရန်ကုန်၊ ဒီဇင်ဘာ (၃၁) စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ မိုးကောင်းစစ်ဆေးရေးဂိတ် မှာ ဒီနေ့ နေ့လည်(၂) နာရီကျော်က ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံပြည်သူတွေက ပြောပါတယ်။ ဗုံးဖောက်ခွဲမှုကို မုံရွာမြို့နယ်က ညီနောင်အဖွဲ့တွေ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး တခြားသောနေရာတွေမှာလည်း ဗုံးဖောက်ခွဲမှုတွေ ဆက်လက်လုပ်ဆောင်မှာဖြစ်တဲ့အတွက် မိဘပြည်သူတွေအနေနဲ့ ညနေ (၄) နာရီနောက်ပိုင်း အပြင်မထွက်ကြဖို့ Monywa Heroes Group က သတိပေး ပြောကြားထားပါတယ်။ ဒီနေ့ နေ့လည်ပိုင်းကလည်း မုံရွာမြို့နယ်က မြန်မာ့စီးပွားရေးဘဏ် နဲ့ မြို့တော်ခန်းမ စစ်ကောင်စီကင်းတဲစခန်း တွေမှာ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပါသေးတယ်။

read more

ရန်ကုန်၊ ဒီဇင်ဘာ (၃၁) စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်က မြန်မာ့စီးပွားရေးဘဏ် နဲ့ မြို့တော်ခန်းမ စစ်ကောင်စီကင်းတဲစခန်း တွေမှာ ဒီနေ့ နေ့လည်ပိုင်းက ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံပြည်သူတွေဆီက သိရပါတယ်။ အဲ့ဒီဗုံးဖောက်ခွဲမှု နှစ်ကြိမ်စလုံးကို ညီတော်မဟာမိတ်အဖွဲ့တွေက ပြုလုပ်ခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်က ကျဆုံးသူအရေအတွက်ကို မသိရှိရသေးဘူးလို့ Special Regional Attacks Forces-MWA က သူရဲ့ လူမှုကွန်ယက်မှာရေးသားထားပါတယ်။ မုံရွာမြို့က ပြည်သူတွေအနေနဲ့ ဒီနေ့ ညနေ (၄) နာရီက စတင်ပြီး အပြင်မထွက်ဖို့ကိုလည်း Special Regional Attacks Forces-MWA အဖွဲ့က ဒီနေ့ မနက်ပိုင်းက အသိပေးပြောကြားထားပါသေးတယ်။

read more