ရန်ကုန်၊ဒီဇင်ဘာ (၂၈) မြန်မာနိုင်ငံအတွင်းမှာ ဆေးဝါးထုတ်လုပ်နိုင်တဲ့ ဆေးဖက်ဝင် သစ်ပင်မျိုးစုံနဲ့ သစ်ဥသစ်ဖုတွေ အများအပြားရှိနေတဲ့အတွက် မြန်မာ့တိုင်းရင်းဆေးတွေကို ခေတ်မီနည်းပညာရပ်တွေနဲ့ ပေါင်းစပ်ထုတ်လုပ်နိုင်ဖို့ တီထွင်ကြံဆကြပါလို့ အာဏာသိမ်း စစ်ခေါင်းဆောင် က ပြောဆိုလိုက်ပါတယ်။ မနေ့က ဒီဇင်ဘာ(၂၇) ရက်နေ့မှာပြုလုပ်တဲ့ တပ်မတော်သူနာပြု၊ ဆေးဘက်ပညာတက္ကသိုလ် သူနာပြု၊ ဆေးဘက်ပညာ သိပ္ပံဘွဲ့သင်တန်း အမှတ်စဉ်(၁၉)နဲ့ အမျိုးသမီးသူနာပြု၊ ဆေးဘက်ပညာသိပ္ပံဘွဲ့သင်တန်း အမှတ်စဉ်(၆) သင်တန်းဆင်းပွဲမှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က အခုလိုပြောဆိုခဲ့တာ ဖြစ်ပါတယ်။ “နွယ်မြက်သစ်ပင်ဆေးဖက်ဝင် ဆိုတဲ့ ဆိုရိုးစကားအတိုင်း မြန်မာနိုင်ငံမှာ ဆေးဝါးထုတ်လုပ်နိုင်တဲ့ ဆေးဖက်ဝင် သစ်ပင်မျိုးစုံ၊ သစ်ဥသစ်ဖုတွေက ပေါက်ရောက်နေတဲ့အတွက် တာဝန်ကျရာ ဒေသအသီးသီးမှာရှိတဲ့ ဆေးဖက်ဝင်အပင်မျိုးစုံကို မိမိတို့ တတ်ကျွမ်း နားလည်ထားတဲ့ ဆေးဝါးကျွမ်းကျင်မှုဆိုင်ရာ အခြေခံကောင်းတွေကို ကောင်းမွန်မှန်ကန်စွာ အသုံးချပြီး သုတေသနလုပ်ငန်းတွေကို…

read more