ရန်ကုန်၊ အောက်တိုဘာ (၇) ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဒဂုံမြို့နယ်က အ.ထ.က (၅) ဒဂုံမြို့သစ်(မြောက်ပိုင်း) ကျောင်းရှေ့မှာ ပိုးဖလံမျိုး မီးကိုတိုး” စာသားပါ Banner ကို ချိတ်ဆွဲကာ ဆေးနီဖြန်းတာနဲ့ တော်လှန်ရေးစာသားပါ စာရွက်တွေကို ကျဲတာတွေ ဒီနေ့မှာ ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)က ပြုလုပ်ခဲ့ကြပါတယ်။

read more

ရန်ကုန်၊ မတ် (၂၈) ပြည်သူတွေအနေနဲ့ လမ်းတွေပေါ်ကျနေတဲ့ ပါဆယ်ထုတ်တွေ၊ ပုံးတွေ စတာပစ္စည်းတွေကို ကောက်ယူဖွင့်ကြည့် စပ်စုတာ မပြုလုပ်ဖို့ PDF အဖွဲ့ (၃) ခုက အထူး အထူး သတိပေး ပြောကြားလိုက်ပါတယ်။

read more

ရန်ကုန်၊ မတ် (၉) ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ (၁၁) ရပ်ကွက်၊ ရန်ကြီးအောင်လမ်းထဲမှာရှိတဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ USDP ရုံးမှာ တပ်စွဲဖို့ပြင်ဆင်တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဒီနေ့ မနက် (၅) နာရီ (၁၅) မိနစ်က ဗုံးပစ်တိုက်ခိုက်ခဲ့လို့ ရန်သူတချို့ ထိခိုက်မှုရှိနိုင်တယ်လို့ Yangon Federal Army ရဲ့ ဦးစီးမှူးဖြစ်သူ ကိုကျော်လေး က ပြောပါတယ်။

read more

ရန်ကုန်၊ ဇန်နဝါရီ(၁၂) စစ်အာဏာသိမ်းပြီးနောက် နိုင်ငံတစ်ဝန်းမှာ နေ့စဉ်လျှပ်စစ်မီးပျက်တောက်တာတွေ ဖြစ်နေပေမယ့် အခုထက်ပိုပြီး မီးပျက်နေဦးမှာ ဖြစ်တယ်လို့ စစ်ကောင်စီလက်အောက်ခံ လျှပ်စစ်ဝန်ကြီးဌာန က ထုတ်ပြန်လိုက်ပါတယ်။ “မီးကတော့နေ့တိုင်းပျက်နေတာပဲ၊ ဒီထက်ပိုပျက်ဦးမယ်ဆိုလည်း သိပ်မထူးပါဘူး၊ မီးမလာတဲ့ အချိန်တွေမှာ အလင်းရောင်ရရှိရေး နဲ့ ချက်ပြုတ်စားသောက်ဖို့အတွက် လူတိုင်းနီးပါးက စီစဉ်ထားပြီးသားဆိုတော့ လာလာ၊ မလာလာ သိပ်ဂရုမစိုက်ပါဘူး” လို့ မြောက်ဒဂုံမြို့နယ် မှာ နေထိုင်တဲ့ အမျိုးသမီးတစ်ဦး က ပြောပါတယ်။ ၁၃၂ ကေဗွီ ဘီလူးချောင်း (၂) တီကျစ် ဓာတ်အားလိုင်း ဟာ (၂) ကြိမ်မြောက် တာဝါတိုင်တွေ ထပ်မံဖျက်ဆီးခံခဲ့ရလို့ ဘီလူးချောင်း ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ က ထွက်ရှိတဲ့ လျှပ်စစ်ဓာတ်အား (၂၂၀) မဂ္ဂါဝပ်ခန့်ကို နိုင်ငံတော်ဓာတ်အားစနစ်ကို ပို့လွှတ်နိုင်တာ မရှိဘဲ ဓာတ်အား…

read more