ရန်ကုန်၊ မတ် (၁၈) ဒီနေ့ မနက် ရန်ကုန်မြို့က ဈေးတစ်ခုအတွင်းမှာ “ဗမာပြည်တော်လှန်ရေးရဲ့ သွေးခင်းလမ်းဟာ တိုက်ပွဲများနဲ့ ပြည့်လျှံနေပါစေ” ဆိုတဲ့ စာသားကို မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများ (ဗကသများအဖွဲ့ချုပ်) က ကိုင်ဆွဲပြီး ဆန့်ကျင်ဆန္ဒပြခဲ့ကြပါတယ်။

read more

ရန်ကုန်၊ မတ် (၉) “စစ်သုံးစစ်ကိုအမြစ်ဖြတ်ကြ၊ ပြည်သူ့ဒီမိုကရေစီအတွက် တိုက်ပွဲဝင်ကြ” စာသားပါ ဘန်နာကို ကိုင်ဆွဲကာ ဒီနေ့ မနက်က ရန်ကုန်မြို့မှာ ပျောက်ကြားသပိတ် ပြုလုပ်ခဲ့ကြပါတယ်။

read more

ရန်ကုန်မြို့က ကုန်းကျော်တံတားတစ်ခုပေါ်မှာ ဒီနေ့မနက်ပိုင်းက “သေဒဏ်ပေးလျှင် မုချလက်တုန့်ပြန်မည်” ဆိုတဲ့ စာသားချိတ်ဆွဲပြီး ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

read more

ဝါး၊ ဓနိနှင့် တာလပတ်အမိုးအကာများဖြင့် အဓိကဆောက်လုပ်ထားသည့် နေအိမ်တဲများကို ယောကျ်ားသားများက ခန္ဓာကိုယ်တွင် အဝတ်ပင်မကပ်နိုင်ပဲ အင်တိုက်အားတိုက် ဖြိုဖျက်နေကြသည်။ နေအိမ်တဲများပေါ်ရှိ တစ်နိုင်သယ်နိုင်သည့် လူသုံးကုန်ပစ္စည်းနှင့် အဝတ်အစားထုပ်များကို အမျိုးသမီးများနှင့် ကလေးငယ်များက လမ်းမပေါ်သို့သယ်ထုတ်နေကြသည်။

read more

ဒီနေ့ မနက်ပိုင်း ရန်ကုန်မြို့ ဂုံးကျော်တံတားတစ်ခုပေါ်မှာ တော်လှန်ရေးအင်အားစုတွေက “သွေးကြွေးတွေ မျိုးဆက်ထပ်မကူးစေနဲ့” စာသားချိတ်ဆွဲပြီး အာဏာသိမ်းစစ်ကောင်စီကို တွန်းလှန် ဆန္ဒပြခဲ့ကြပါတယ်။

read more

ရန်ကုန်၊ဖေဖော်ဝါရီ(၂၈) ဖက်ဆစ်စစ်တပ်က အကြမ်းဖက်ပစ်ခတ်ခဲ့လို့ ကြွေလွင့်ခဲ့ရတဲ့ အာဇာနည်သူရဲကောင်းတွေ ကျဆုံးတာ တစ်နှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ ဒီနေ့ ရန်ကုန်မြို့မှာ ဖက်ဆစ်ဆန့်ကျင်ရေး ပြောက်ကျားသပိတ်ပြုလုပ်ပြီး ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။ Video-ပေးပို့

read more

၂ ‌ခြောက်လုံး လူထုအရေးတော်ပုံနေ့ အထိမ်းအမှတ်အဖြစ် “လူထုလက်ရုံး ၂ ခြောက်လုံး၊ စစ် ၃ စစ်ကိုအပြတ်ကျုံး” ဆိုတဲ့ စာတန်းကို ကိုင်ဆွဲပြီး ဒီနေ့မှာ ရန်ကုန်မြို့ တော်လှန်ရေးအင်အားစုတွေက စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။

read more

“စစ်ကျွန်ပညာရေးဖျက်သိမ်းပစ်” ဆိုတဲ့ စာတန်းကို ကိုင်ဆွဲပြီး ဒီနေ့ မနက်ပိုင်းမှာ ရန်ကုန်မြို့ ပြည်သူတွေက ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

read more

ရန်ကုန်၊ ဒီဇင်ဘာ(၂၃) မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပတောင်းမြို့နယ် အတွင်းမှာ ဒီနေ့မနက်ပိုင်းက ရထားသံလမ်းပေါက်ကွဲမှုဖြစ်လို့ စစ်ကောင်စီအဖွဲ့က လာရောက်စစ်ဆေးချိန် နောက်မိုင်းတစ်လုံးထပ်မံ ပေါက်ကွဲခဲ့တာကြောင့် စစ်သား(၂)ဦး မိုင်းထိမှန်ခဲ့တယ်လို့ ဒေသခံပြည်သူတွေဆီက သိရပါတယ်။ “ကံပေါက်ရွာနားက သံလမ်းမှာပေါက်တာ၊ စစ်သားတွေ လာစစ်ချိန် နောက်ထပ်မိုင်းထပေါက်တာ၊ သူတို့ရှိလို့အနားတော့သွားမကြည့်ရဲကြဘူး၊ လူနာတင်ကားနဲ့ တင်နေတာတွေတွေ့ရတယ်” လို့ဒေသခံတစ်ဦးက ပြောပါတယ်။ ကျောက်ပတောင်း-ပျဉ်းမနား ရထားလမ်း မိုင်တိုင်အမှတ် (၃၆၁/၁၁-၁၂) ကြားမှာရှိတဲ့ ရထားခုံးကျော်တံတားကို မိုင်းထောင်ဖောက်ခွဲခဲ့လို့ စစ်ကောင်စီအဖွဲ့ကလာရောက် စစ်ဆေးနေချိန် သံလမ်းမှာ ထပ်ပြီးပေါက်ကွဲခဲ့တာဖြစ်ပါတယ်။ စစ်အာဏာသိမ်းပြီးနောက် ရန်ကုန်၊ မန္တလေး၊ ပြင်ဦးလွင်၊ မြစ်ကြီးနား စတဲ့ မြို့ကြီးတွေနဲ့ ဆက်စပ်တဲ့ မီးရထားလမ်းတွေမှာ မကြာခဏ ပေါက်ကွဲမှုတွေ ဖြစ်ပေါ်လေ့ရှိပါတယ်။

read more