ရန်ကုန်၊ဧပြီ(၂၉) စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာ လေကြောင်းတိုက်ခိုက်ခံရမှု စစ်ကောင်စီ သတင်းပေး တရားခံတွေကို ဖမ်းဆီးရမိပြီ ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက ဒီနေ့မှာ ထုတ်ပြန် အသိပေးလိုက်ပါတယ်။

read more

ရန်ကုန်၊ ဧပြီ (၂၀) စစ်ကောင်စီရဲ့ လေကြောင်းရန်ကို ကာကွယ်နိုင်ဖို့ အရေးပေါ် စီမံခန့်ခွဲမှု ကိစ္စရပ်တွေအတွက် မဟာမိတ်အဖွဲ့အစည်းတွေအနေနဲ့ စနစ်တကျ တိုင်ပင်ဆောင်ရွက်သင့်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း က တိုက်တွန်း ပြောဆိုခဲ့ပါတယ်။

read more

ရန်ကုန်၊ ဖေဖော်ဝါရီ (၂၇) ချင်းပြည်နယ်၊ ထန်တလန်မြို့မှာ ရက် (၆၀) အတွင်း စစ်ကောင်စီဘက်က အယောက် (၂၀) သေဆုံးခဲ့ကာ (၂၅) ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့- ထန်တလန် က အသိပေးပြောကြားခဲ့ပါတယ်။

read more

ရန်ကုန်၊ ဇန်နဝါရီ (၇) ထိုင်းနိုင်ငံ – ကယားပြည်နယ် နယ်စပ် နန်းပန်ချောင်း အနီးမှာ ရှိတဲ့ စစ်ကောင်စီ ရဲ့ တပ်စခန်း ဖြစ်တဲ့ နတ်တောင်စခန်း ကို ဒီနေ့ မနက်ပိုင်းက သိမ်းပိုက်နိုင်ခဲ့သလို စစ်ကောင်စီတပ်ဖွဲ့ဝင် (၄) ဦးကိုလည်း အရှင်ဖမ်းမိခဲ့တယ်လို့ ကရင်နီတပ်မတော် KA က ပြောပါတယ်။ နတ်တောင်စခန်း သိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်က အသေအပျောက်များခဲ့ပြီး စခန်းသိမ်းတိုက်ပွဲအပြီး နာရီဝက်အကြာမှာ စစ်ကောင်စီတပ်တွေက ရဟတ်ယာဉ် တွေ နဲ့ စစ်ကူ လာရောက် ဗုံးကျဲတိုက်ခိုက်ခဲ့တယ်လို့ ဒီနေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ စစ်ကောင်စီတပ်ဖွဲ့က KA ရဲ့ ကာကင်းကုန်း တစ်ခုကို ဗုံးကျဲခဲ့ပေမယ့်လည်း ကရင်နီတပ်မတော်က တပ်ဖွဲ့ဝင်တွေ ထိခိုက်ဒဏ်ရာရရှိတာ မရှိခဲ့ဘူးလို့ ပြောပါတယ်။

read more