ရန်ကုန်၊ မတ် (၂၃) စစ်ကောင်စီ တပ်ဖွဲ့ဝင်၊ ဒေါက်တိုင်တွေ အနေနဲ့ အပြစ်မဲ့ ပြည်သူတွေကို အနိုင်ကျင့် ဖမ်းဆီး လုယက်တာတွေ နောက်ထပ်မပြုလုပ်ဖို့ ရာစုသစ်တော်လှန်ရေးသေမင်းလက်ရာအဖွဲ့ တာဝန်ခံ ဗိုလ်လက်ဝဲ က သတိပေးပြောဆိုလိုက်ပါတယ်။

read more

ရန်ကုန်၊ ဖေဖော်ဝါရီ (၂၂) ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၊ ၇/၈ လမ်းဆုံးအနီးက ကမ္ဘာ့ရတနာဘဏ်ရှေ့မှာ ဗုံးပေါက်ကွဲမှုနှစ်ကြိမ်ဖြစ်ပွားခဲ့တယ်လို့ ဒေသခံပြည်သူတွေက ပြောပါတယ်။

read more

ရန်ကုန်၊ ဖေဖော်ဝါရီ (၆) စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့ပေါ်မှာတဲ့ ရဲစခန်း နဲ့ ထွေအုပ်ရုံး ကို ဝင်တိုက်ရာ အကြမ်းဖက်စစ်တပ်က ပြည်သူ့နေအိမ်ကို မီးရှို့အကာကွယ်ယူလို့ တိုက်ပွဲကနေ ဆုတ်ခွာပေးလိုက်ရတယ်လို့ ပုလဲမြို့နယ်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။ “ကျနော်တို့က ဝင်တိုက်တဲ့အချိန် သူတို့က ပြည်သူ့နေအိမ် မီးရှို့တော့ ပြန်ဆုတ်ပေးလိုက်ရတာ၊

read more

ရန်ကုန်၊ ဇန်နဝါရီ (၁၇) ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်၊ EPC ရုံး ဖောက်ခွဲမှုမှာ ရုံးအနီးက အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိသွားတယ်လို့ ကြားသိရတဲ့အတွက် ဝမ်းနည်းစိတ်မကောင်းဖြစ်ပြီး တောင်းပန်ပါတယ်လို့ (YGN) Dark Shadow က ပြောပါတယ်။ “ကျနော့်တို့တွေ ပိုမိုဂရုစိုက်ပြီး စစ်ကောင်စီ ရဲ့ ဒေါက်တိုင်အကုန်လုံးကို ရှင်းလင်းသုတ်သင်သွားမယ်” လို့ သူတို့ အဖွဲ့က ကတိပြုပြောကြားခဲ့ပါတယ်။ ကျောက်တံတားမြို့နယ်၊ EPC ရုံးဖောက်ခွဲမှုကို မနေ့ မနက်ပိုင်းက ပြုလုပ်ခဲ့တာဖြစ်ပြီး အခုလ (၈) ရက်နေ့ မနက်ပိုင်းကလည်း (YGN) Dark Shadow အဖွဲ့ဟာ လမ်းမတော်မြို့နယ် ရဲစခန်း ကို ဖောက်ခွဲမှု ပြုလုပ်ခဲ့ပါသေးတယ်။ “ပြည်သူများအနေနဲ့ စစ်ကောင်စီ ဒေါက်တိုင်တွေနဲ့ ဝေးဝေးကင်းကင်း နေပေးကြပါနော်။ CCTV…

read more

ရန်ကုန်၊ ဇန်နဝါရီ (၁၆) ဒီနေ့ မနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်၊ EPC ရုံး မှာ ပေါက်ကွဲမှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံပြည်သူတွေဆီက သိရပါတယ်။ ဖောက်ခွဲမှုကို ပြည်သူ့ကာကွယ်ရေးမြို့ပြပျောက်ကျားတပ်ဖွဲ့ (YGN) Dark Shadow ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ “စစ်ကောင်စီလက်အောက်ခံ ဒေါက်တိုင်များနှင့် ဒလန်များအား ရှင်းလင်းသုတ်သင် သွားမယ်ဖြစ်သောကြောင့် ပြည်သူများအနေဖြင့် လူသတ်စစ်ကောင်စီအားကျည်ဆံဖိုးများ မထောက်ပံ့ပေးကြရန်နှင့် တရားဝင်ဒီမိုကရေစီအစိုးရ ကျမှသာပြန်လည် ပေးသွင်းပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။” လို့ Dark Shadow ဒီနေ့ထုတ်ပြန်ချက်ထဲမှာ တိုက်တွန်းပြောဆိုထားပါသေးတယ်။ အခုလ (၈) ရက်နေ့ မနက်ပိုင်းကလည်း Dark Shadow အဖွဲ့ဟာ လမ်းမတော်မြို့နယ် ရဲစခန်း ကို ပေါက်ကွဲမှု ပြုလုပ်ခဲ့ပါသေးတယ်။

read more