ရန်ကုန်၊ ဒီဇင်ဘာ (၂၉) ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ် မှာရှိတဲ့ ရွာမရဲစခန်းကို ဒီနေ့မနက် (၅) နာရီခွဲက ဗုံးသီးနဲ့ပစ်ပြီး တိုက်ခိုက်ခဲ့တယ်လို့ Yangon Federal Army (YFA) က ထုတ်ပြန်ထားပါတယ်။ 79 40 mm ဗုံးသီး (၂) လုံးပစ်ခတ်ဖို့ စီစဉ်ထားပေမယ့်အကြောင်းအမျိုးမျိုးကြောင့် တစ်လုံးသာ ပစ်ခတ်နိုင်ခဲ့တယ်လို့ သူတို့က ပြောပါတယ်။ “ပစ်ခံရတယ်လို့တော့ ကြားတယ်။ အင်းစိန်ထောင်နားမှာပဲ။ ဘယ်လောက်ထိခိုက်တယ် ဆိုတာတော့ မသိဘူး။အဲနားမှာက ဘောလုံးကွင်းလည်းရှိတယ်။အဲ့ဒီနေရာကျရင်တော့ ထိမှာမဟုတ်ဘူး။ စခန်းပတ်ပတ်လည်လောက်ကျရင်တော့ ထိမှာဟုတ်တယ်။ အဲ့ဒီနေရာမှာ ရဲဝန်ထမ်းလိုင်းခန်း၊ CID ကလိုင်းခန်း၊ ထောင်ဝန်ထမ်းလိုင်းခန်းတွေအများကြီးပဲ ရဲနယ်မြေလို့ပြောလို့ရတယ်။” လို့ အင်းစိန်မြို့မှာ နေထိုင်သူအမျိုးသား တစ်ဦးက ပြောပါတယ်။ အဲ့ဒီစစ်ဆင်ရေးဟာ ရန်ကုန်တိုင်း စစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့ ရဲ့ ပျံလွှားအောင်…

read more