ရန်ကုန်၊ ဇန်နဝါရီ (၂၄) အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထောင်ထားတဲ့ မိုင်းနင်းမိလို့ ကိုယ်ဝန်ဆောင်မိခင် နဲ့ (၆) နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးသွားခဲ့တယ်လို့ ပုလောမြို့နယ် ဒေသခံတွေက ပြောပါတယ်။ တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ ပဝတ်ကျေးရွာ မှာ စစ်ကောင်စီတပ်တွေ ထောင်ထားတဲ့ မိုင်းကို မနေ့ ညနေပိုင်း က အိမ်ရှေ့မှာ နင်းမိပြီး ကိုယ်ဝန် (၆) လ ရှိတဲ့ မိခင်တစ်ဦး သေဆုံးခဲ့သလို သူမရဲ့ သားဖြစ်သူ (၆) နှစ် အရွယ် ကလေးငယ်တစ်ဦးလည်း ပြင်းထန်စွာ ဒဏ်ရာရှိခဲ့ပြီး မနေ့ ညပိုင်းမှာပဲ ကွယ်လွန်သွားခဲ့ပါတယ်။ “အစွမ်းကုန်ယုတ်မာရက်စက်နေသော စစ်ခွေးများကြောင့် အပြစ်မဲ့ပြည်သူများ ထပ်မံ၍ အသက်မဆုံးရှုံးသင့်ဘဲ မဆုံးရှုံးရလေအောင် သတိကြီးကြီးနဲ့ သွားလာနေထိင်ကြရန်” ပြည်သူ့ကာကွယ်ရေးတပ်မတော်(ပုလော) က…

read more

ရန်ကုန်၊ ဇန်နဝါရီ (၁၁) မြန်မာနိုင်ငံအတွင်း အရေးပေါ် ကယ်ဆယ်ရေးလုပ်ငန်းတွေမှာ အသုံးပြုဖို့နဲ့ ဒိန်းမတ်နိုင်ငံ က ဒိန်းမတ် ခရိုနာ (၂၅) သန်း (အမေရိကန်ဒေါ်လာ ၃ဒဿမ၈ သန်း) ကို ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က တစ်ဆင့် လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ “မြန်မာနိုင်ငံက ပြည်သူတွေ အကူအညီအလိုအပ်ဆုံးအချိန်မှာ WFP ရဲ့ အရေးကြီးတဲ့ လူသားချင်းစာနာမှုဆိုင်ရာ အထောက်အပံ့ ပေးရေးလုပ်ငန်းတွေမှာ ပါဝင်ပံ့ပိုးခွင့်ရတဲ့အတွက် ကျွန်တော်တို့အနေနဲ့ အလွန်ပဲဝမ်းမြောက်မိပါတယ်။ ကံအားလျော်စွာပဲ လိုအပ်ချက်တွေ ပိုမိုများပြားလာပေမယ့် ဒိန်းမတ်နိုင်ငံရဲ့ အထောက်အပံ့ဟာ တကယ့်ကိုလိုအပ်‌နေတဲ့လူတွေကို ကူညီပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်” လို့ မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်သံရုံး ရဲ့ သံရုံးအကြီးအကဲ ဖြစ်သူ Mr Anders Graugaard က ပြောပါတယ်။…

read more

ရှမ်းပြည်နယ် နောင်လုံကျေးရွာက လူနေအိမ်တွေ ထပ်မံမီးရှို့ဖျက်ဆီးခံရ ရန်ကုန်၊ ဒီဇင်ဘာ (၁၉) ရှမ်းပြည်နယ် တောင်ပိုင်း၊ လွိုင်လင်မြို့ အရှေ့ဘက်မှာရှိတဲ့ နောင်လုံကျေးရွာက လူနေအိမ်တွေကို ဒီဇင်ဘာ (၁၈) ရက်နေ့မှာ စစ်ကောင်စီက ထပ်မံ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံပြည်သူတွေက ပြောပါတယ်။

read more