ရန်ကုန်၊ မတ် (၁၇) ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင် အမှတ် (၁) တံတားအဆင်း သန်လျင်ဘက်အခြမ်းမှာ တံတားလုံခြုံရေး တာဝန်ယူထားတဲ့ စစ်ကောင်စီအဖွဲ့ဝင် (၂၀) ဦးကျော် ရှိနေတဲ့ မနေ့ ည (၇) နာရီ (၁၄) မိနစ်အချိန်က ဘန်ကာအတွင်းကို ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ မြို့ပြပျောက်ကြား Dark Shadow (YGN) တပ်ဖွဲ့က ပြောပါတယ်။

read more

ရန်ကုန်၊ ဇန်နဝါရီ (၁၇) ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်၊ EPC ရုံး ဖောက်ခွဲမှုမှာ ရုံးအနီးက အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိသွားတယ်လို့ ကြားသိရတဲ့အတွက် ဝမ်းနည်းစိတ်မကောင်းဖြစ်ပြီး တောင်းပန်ပါတယ်လို့ (YGN) Dark Shadow က ပြောပါတယ်။ “ကျနော့်တို့တွေ ပိုမိုဂရုစိုက်ပြီး စစ်ကောင်စီ ရဲ့ ဒေါက်တိုင်အကုန်လုံးကို ရှင်းလင်းသုတ်သင်သွားမယ်” လို့ သူတို့ အဖွဲ့က ကတိပြုပြောကြားခဲ့ပါတယ်။ ကျောက်တံတားမြို့နယ်၊ EPC ရုံးဖောက်ခွဲမှုကို မနေ့ မနက်ပိုင်းက ပြုလုပ်ခဲ့တာဖြစ်ပြီး အခုလ (၈) ရက်နေ့ မနက်ပိုင်းကလည်း (YGN) Dark Shadow အဖွဲ့ဟာ လမ်းမတော်မြို့နယ် ရဲစခန်း ကို ဖောက်ခွဲမှု ပြုလုပ်ခဲ့ပါသေးတယ်။ “ပြည်သူများအနေနဲ့ စစ်ကောင်စီ ဒေါက်တိုင်တွေနဲ့ ဝေးဝေးကင်းကင်း နေပေးကြပါနော်။ CCTV…

read more

ရန်ကုန်၊ ဇန်နဝါရီ (၁၆) ဒီနေ့ မနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်၊ EPC ရုံး မှာ ပေါက်ကွဲမှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံပြည်သူတွေဆီက သိရပါတယ်။ ဖောက်ခွဲမှုကို ပြည်သူ့ကာကွယ်ရေးမြို့ပြပျောက်ကျားတပ်ဖွဲ့ (YGN) Dark Shadow ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ “စစ်ကောင်စီလက်အောက်ခံ ဒေါက်တိုင်များနှင့် ဒလန်များအား ရှင်းလင်းသုတ်သင် သွားမယ်ဖြစ်သောကြောင့် ပြည်သူများအနေဖြင့် လူသတ်စစ်ကောင်စီအားကျည်ဆံဖိုးများ မထောက်ပံ့ပေးကြရန်နှင့် တရားဝင်ဒီမိုကရေစီအစိုးရ ကျမှသာပြန်လည် ပေးသွင်းပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။” လို့ Dark Shadow ဒီနေ့ထုတ်ပြန်ချက်ထဲမှာ တိုက်တွန်းပြောဆိုထားပါသေးတယ်။ အခုလ (၈) ရက်နေ့ မနက်ပိုင်းကလည်း Dark Shadow အဖွဲ့ဟာ လမ်းမတော်မြို့နယ် ရဲစခန်း ကို ပေါက်ကွဲမှု ပြုလုပ်ခဲ့ပါသေးတယ်။

read more