ရန်ကုန်၊ မတ် (၁၇) စစ်ကောင်စီတပ်တွေက ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်အတွင်းက နေရာအများစုကို လေကြောင်းကနေ တိုက်ခိုက်နေသလို လက်နက်ကြီးတွေ အလွန်အကျွံသုံးပြီး တိုက်ခိုက်နေလို့ ပြည်သူ (၇၀၀) ကျော်က အိုးအိမ်စွန့်ခွာ စစ်ဘေးရှောင်နေရတယ်လို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး က ပြောပါတယ်။

read more

ရန်ကုန်၊ မတ် (၆) ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေ ထိန်းချုပ်နယ်မြေအတွင်း ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလက တိုက်ပွဲပေါင်း (၂၉၈) ကြိမ်ဖြစ်ပွားခဲ့လို့ အာဏာသိမ်းစစ်ကောင်စီတပ် နဲ့ နယ်ခြားစောင့်တပ် BGF တပ်ဘက်က (၃၀၅) ဦး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရှိသူ (၂၀၉) ဦး ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU က ပြောပါတယ်။

read more

ရန်ကုန်၊ ဇန်နဝါရီ (၁၈) PDF အဖွဲ့တွေ အနေနဲ့ ဆေးရုံ၊ စာသင်ကျောင်း၊ ဘာသာရေးအဆောက်အသီးတွေမှာ စခန်းချတာ၊ စစ်သင်တန်းဖွင့်လှစ်ပါက ပစ်မှတ်ထားပြီး လေယာဉ် တွေနဲ့ ဗုံးကြဲသွားမှာ ဖြစ်တယ်လို့ စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူး တွေက စစ်ကိုင်းတိုင်းဒေသကြီး၊ထီးချိုင့်မြို့နယ်၊ ကြက်တကောင်းရွာ မှာ စာတွေလိုက်လံကပ်ပြီး ကြေညာခဲ့တယ်လို့ ဒေသခံ ပြည်သူတွေက ပြောပါတယ်။ “ရပ်မိ၊ ရပ်ဖ တွေအနေနဲ့ နောက်တစ်ခါ PDF တွေကို လက်ခံ အားပေးပါက၊ သင်တန်းဖွင့်ပါက ရွာလုံးကျွတ် ရွှေ့ပြောင်းရမယ်” လို့ ထီးချိုင့်မြို့နယ် အုပ်ချုပ်ရေးမှူး က ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။ စစ်ကောင်စီလက်အောက်ခံတွေက PDF တွေနဲ့ ပတ်သက်တဲ့ သတိပေးထုတ်ပြန်စာတွေ မြို့နယ်အတွင်း လိုက်ကပ်တဲ့အချိန်မှာ ဆိုင်ကယ်စီးလာတဲ့ အပြစ်မယ့် ပြည်သူနှစ်ဦးကိုလည်း သေနတ်နဲ့…

read more

ရန်ကုန်၊ ဇန်နဝါရီ (၁၃) ကရင်ပြည်နယ်၊ မူတြော်ခရိုင်၊ ဒွယ်လိုးမြို့နယ်၊ ဝေါ်မူကျေးရွာအုပ်စု၊ ရွှေညောင်ပင်ကျေးရွာ ကို ဒီနေ့ မနက်အစောပိုင်းက စစ်ကောင်စီတပ် တွေ လေယာဉ် (၂) စင်း နဲ့ ထပ်မံလာရောက် ဗုံးကြဲလို့ ပြည်သူတစ်ဦး သေဆုံးသွားခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU က အတည်ပြုပြောကြားခဲ့ပါတယ်။ ဗုံးကြဲတိုက်ခိုက် ခံရလို့ ပြည်သူ (၃) ဦး ထည်းထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အဆောက်အဦး (၅) လုံးလည်း ထိမှန်ပျက်စီးခဲ့တယ်လို့ ဒီနေ့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။ ကရင်ပြည်နယ် မှာ စစ်ကောင်စီတပ် တွေ နဲ့ တိုင်းရင်းသားကာကွယ်ရေး တပ်တွေ၊ ဒေသခံကာကွယ်ရေးတပ် တွေကြား မကြာခဏဆိုသလို တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။

read more

ရန်ကုန်၊ ဇန်နဝါရီ (၈) ကရင်ပြည်နယ်၊ မြဝတီမြို့ ကနေ လေယာဉ်ဆီတွေ တင်လာတဲ့ စစ်ကောင်စီ ကားနှစ်စီးကို အာရှလမ်း ကျိုက်ဒုံလမ်းဆုံ အနီးမှာ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA က တိုက်ခိုက်တားဆီးလိုက်လို့ တစ်စီးမီးလောင် သွားခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ် ဆီက သိရပါတယ်။ “၆နာရီခွဲကနေ ည ၉နာရီလောက်အထိ ပစ်ခတ်မှုတွေ ဖြစ်တယ်။ ဒီညနေမှာ လေယာဉ်ဆီသယ်ပြီး ပြန်ဆင်းလာတဲ့ ကားနှစ်စီးကို လမ်းကြောင်းဖြတ်တောက်ဖို့ KNLA တပ်ဖွဲ့က သွားတိုက်တာ။ စစ်ကောင်စီက လူထုကို လေယာဉ် နဲ့ ပစ်ခတ်နေလို့ ဒါကို ဖြတ်ဖို့လုပ်တာ” လို့ KNU/KNLA နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။ မနေ့ ညပိုင်းက အာရှလမ်း အတိုင်း မြဝတီမြို့ ကနေ ကော့ကရိတ်ဘက်ကို…

read more