ရန်ကုန်၊ ဇန်နဝါရီ (၅) ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ လေးကေ့ကော်မြို့သစ် ဘက်မှာ ဒီနေ့ မနက်အစောပိုင်းက တိုက်ပွဲထပ်မံ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က သေဆုံးသူတွေရှိခဲ့တယ်လို့ ဒူးပလာယာခရိုင် သတင်းနှင့်ပြန်ကြားရေးဌာန က ပြောပါတယ်။ တိုက်ပွဲဖြစ်ပွားနေချိန်အတွင်း စစ်ကောင်စီတပ်တွေက လက်နက်ကြီးတွေ နဲ့ ရမ်းသမ်း ပစ်ခတ်ခဲ့တဲ့အတွက် လေးကေ့ကော်မြို့သစ် အတွင်းက နေအိမ်တချို့ပျက်စီးသွားခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်ကို သတင်းနှင့်ပြန်ကြားရေးဌာနက ပြန်လည်ဖော်ပြခဲ့ပါတယ်။ဒီနေ့ မနက် လေးကေ့ကော်တိုက်ပွဲ အတွင်း စစ်ကောင်စီဘက်က (၄) ဦး သေဆုံးခဲ့တယ်လို့ ဒီနေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

read more

“ဒီတော်လှန်ရေးမှာ ကျဆုံးခဲ့ရင် ဒါတွေလုပ်ပေးပါ” ဆိုပြီး တောင်းဆိုလိုက်တဲ့ တောင်ပိုင်းတိုင်း PDF လေးကေ့ကော်တိုက်ပွဲအတွင်းက လူငယ်ရဲဘော်တစ်ဦးရေးတဲ့စာကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

read more

ရန်ကုန်၊ ဒီဇင်ဘာ (၁၈) ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ လေးကေ့ကော်မြို့တိုက်ပွဲအတွင်းမှာ ထိခိုက်ဒဏ်ရာရရှိတဲ့ ဒေသခံပြည်သူ (၅) ဦး ထိုင်းနိုင်ငံ မဲဆောက်ဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေတယ်လို့ ကရင်အမျိုးသားမီဒီယာက အတည်ပြုရေးသားထားပါတယ်။ အခုချိန်ထိ လေးကေ့ကော်မြို့ဘက်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ၊ နယ်ခြားစောင့်တပ် (BGF) နဲ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ (၁)၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေကြား တိုက်ပွဲဆက်လက်ဖြစ်ပွားနေတယ်လို့ သိရပါတယ်။

read more