ရန်ကုန်၊ ဖေဖော်ဝါရီ (၂၇) ကရင်နီပြည်နယ်(ကယား)၊ လွိုင်ကော်မြို့နယ်၊ လွိုင်ကော်ကနေ လွိုင်လင်(ရှမ်း-ကယားနယ်စပ်) လမ်းမကြီးပေါ်ကို စစ်ကောင်စီနဲ့ ပတ်သက် ဆက်နွယ်နေတဲ့ ကားတွေကို လုံးဝဖြတ်သန်း သွားလာခွင့်ပြုတော့မှာ မဟုတ်ဘူးလို့ ကရင်နီအမျိုးသားကာကွယ်ရေးတပ် က ဒီနေ့မှာ သတိပေးပြောကြားလိုက်ပါတယ်။

read more

ရန်ကုန်၊ ဖေဖော်ဝါရီ (၈) အကြမ်းဖက်စစ်ကောင်စီတပ်တွေ နဲ့ ကရင်နီတပ်မတော် KA၊ ကရင်နီတိုင်းရင်းသားများ ကာကွယ်ရေးတပ်ဖွဲ့ KNDF၊ PDF (ဖယ်ခုံ)၊ ကြား မနေ့က တစ်ရက်ထဲ တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားခဲ့ပါတယ်။

read more

ရန်ကုန်၊ ဇန်နဝါရီ (၁၆) ကရင်နီပြည်နယ် (ကယား)၊ ဒီးမော့ဆိုမြို့နယ်၊ နန်းမယ်ခုံရွာ နဲ့ လွိုင်ကော်မြို့နယ်၊ မိုင်းလုံရပ်ကွက် ဘက်ကို စစ်ကောင်စီတပ်က တိုက်လေယာဉ်တွေ အသုံးပြုပြီး ဒီနေ့ ညနေ (၅) နာရီခွဲ က ဗုံးကြဲ တိုက်ခိုက်ခဲ့လို့ အပြစ်မဲ့ပြည်သူတချို့ ထိခိုက်၊ သေဆုံးတာတွေ ရှိခဲ့တယ်လို့ ဒေသခံပြည်သူ တွေက ပြောပါတယ်။ “ရှေ့အပတ်ကတော့ ကြိုတင်သတင်းရတော့ ပြည်သူတွေကြိုရှောင်တော့ ထိခိုက်မူမရှိဘူးဗျ။ အခုက ရုတ်တစ်ရက် လေယာဉ် နဲ့ လာပြီး ဗုံးကြဲချလိုက်တော့ စစ်ဘေးရှောင်အပြစ်မဲ့ ပြည်သူတွေ အတော်များများထိတယ်ဗျ။ ခုလက်ရှိတော့ (၃) ယောက် ထိထားတယ်။ အတိကျတော့ မသိရသေးဘူး။ ခုထိလေယာဉ်တွေနဲ့ ကြဲနေလို့ အခြေနေတွေက မတည်ငြိမ်လို့ သေချာမသိရသေးဘူးဗျ။ အခုလက်ရှိက မီးတွေပျက်ပြီး လိုင်းတွေဖြတ်ထားလို့…

read more

ရန်ကုန်၊ ဇန်နဝါရီ (၂) ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဖရူဆိုမြို့နယ် တွေမှာ တိုက်ပွဲတွေ ဖြစ်ပွားနေပြီး စစ်ရေးအရှိန်မြင့် လာမယ့်အခြေအနေဖြစ်နေလို့ ပြည်သူတွေအနေနဲ့ ခရီးသွားလာတာ မပြုဖို့ ကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDF က ဒီနေ့မှာ သတိပေးပြောကြားလိုက်ပါတယ်။ မနေ့ ညနေပိုင်းက မြို့မရဲစခန်းကပ်ရပ်က ဘုရားစေတီဝိုင်းအတွင်းမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့တွေကို PDF ပူးပေါင်းတပ်ဖွဲ့တွေ၊ KNDF နဲ့ ကရင်နီတပ်မတော် KA တွေက ရှောင်တခင် ဝင်ရောက်တိုက်ခိုက်လိုက်လို့ စစ်ကောင်စီဘက်တော်သား (၅) ဦး သေဆုံးသွားခဲ့တယ်လို့ KNDF သတင်းနှင့်ပြန်ကြားရေးဌာန က ပြောပါတယ်။ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ (၃၁) ရက်‌နေ့က တိုက်ပွဲအတွင်း ဒဏ်ရာပြင်းထန်စွာရရှိခဲ့ KNDF့ ရဲဘော်တစ်ဦး ဆေးကုသမှုခံယူနေစဉ် ကျဆုံးခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်ကို…

read more