ရန်ကုန်၊ ဇန်နဝါရီ (၂၀) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ USDP ဝင် နေအိမ်အတွင်းကို စစ်ကောင်စီလက်အောက်ခံ ရဲ နဲ့ စစ်သားတွေ ရောက်ရှိနေချိန်မှာ ဗုံးပစ်ခံခဲ့ရတယ်လို့ ဒေသခံပြည်သူတွေဆီက သိရပါတယ်။ မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ အရှေ့ပတ္တားရပ်၊ အမေတက်သိမ်းနတ်နန်း အနီးက USDP ပါတီဝင် ညွန့်ဝင်း ရဲ့ နေအိမ်ကို မနေ့ နေ့လည်ပိုင်းက ရဲ၊ စစ်သား (၇) ဦး စုဝေးရောက်ရှိနေချိန်မှာ ဗုံးပစ်တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ အဆိပ်ပြင်းသောလူငယ်များ(မန္တလေး) က ပြောပါတယ်။ “ကျတော်တို့အဖွဲ့တွေ နေအိမ်အတွင်းကို သံပုရာသီး တလုံးပစ်ကြွေး ဆုံးမလိုက်တယ်။ အထိအခိုက်စာရင်းကို ဆက်လက် စုံစမ်းနေဆဲ” ဖြစ်တယ်လို့ သူတို့ရဲ့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။ အဆိပ်ပြင်းသောလူငယ်များ(မန္တလေး) အဖွဲ့ဟာ အခုလ ဇန်နဝါရီ (၁၂) ရက်နေ့ကလည်း…

read more

ရန်ကုန်၊ ဇန်နဝါရီ (၁၃) စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားတောင်မြို့ မှာ ဆက်ကြေးလိုက်တောင်းနေတဲ့ အကြမ်းဖက်စစ်တပ် လက်အောက်ခံ နယ်ထိန်းရဲ တစ်ဦး ကို သုတ်သင်ရှင်းခဲ့တယ်လို့ PYP-MDY က ပြောပါတယ်။ နယ်ထိန်းရဲ သန်းတိုးအောင် ကို ဇန်နဝါရီ (၁၂) ရက် နေ့လည် (၁၂) နာရီကျော် က သုတ်သင်ရှင်းလင်းခဲ့တာ ဖြစ်တယ်လို့ Poisonous Young People – MDY အဖွဲ့ ရဲ့ မနေ့က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ သန်းတိုးအောင် ဟာ ပြီးခဲ့တဲ့ အောက်တိုဘာလ အတွင်းက ဆားတောင်မြို့ အနီးမှာရှိတဲ့ PDF ယာယီစခန်း ကို အကြမ်းဖက်စစ်အုပ်စု နဲ့အတူ လူနာတင်ကား အသုံးပြုပြီး စီးနင်းဝင်ရောက် ဖမ်းဆီးခဲ့တဲ့ သူတွေထဲမှာ…

read more