ရန်ကုန်၊ ဇန်နဝါရီ (၁၃) စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့နယ်၊ အလယ်ကျွန်းကျေးရွာ ကနေ သရက်တောကျေးရွာ ကို ချီတက်လာတဲ့ အကြမ်းဖက်စစ်တပ်စစ်ကြောင်း ကို (၄) နေရာခွဲပြီး တိုက်ခိုက်ခဲ့တယ်လို့ DRPA ကပြောပါတယ်။ မိုင်းခွဲတိုက်ခိုက် တာကို မနေ့ညပိုင်းက ပြုလုပ်ခဲ့တာဖြစ်ပြီး စစ်ကောင်စီအများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ပေမယ့် သေဆုံးသူအရေအတွက်ကို မသိရှိရသေးဘူးလို့ DRPA က ထုတ်ပြန်ထားပါတယ်။ အာဏာရှင်တော်လှန်ရေး ပြည်သူ့တပ်မတော်(DRPA)၊ တပ်မဟာ (၁) လက်အောက်ခံတပ်ဖွဲ့ ကို ကနီမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ နဲ့ ကျောက်လုံးကြီး PDF က လက်နက်ခဲယမ်းတွေ အကူအညီပေးခဲ့တာဖြစ်ပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီး အတွင်း အကြမ်းဖက်စစ်တပ် လက်အောက်ခံတပ်သား တွေကို အချိန်မရွေး၊ နေရာမရွေး တွန်းလှန်တိုက်ခိုက်တာတွေကို တော်လှန်ရေးအင်အားစုတွေ နဲ့ ပူးပေါင်းပြီး အရှိန်တိုးမြှင့်လုပ်ဆောင်သွားမှာဖြစ်တယ်လို့ DRPA ကပြောပါတယ်။

read more