အသက် (၂၆) နှစ်ရှိပြီ ဖြစ်တဲ့ ကစ်ဟာ မိရိုးဖလာဗုဒ္ဓဘာသာ ကိုးကွယ်သူတစ်ယောက်ပါ။ ၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက် နှစ်နှစ်ကျော်ကြာချိန်မှာတော့ သူက ဘာသာမဲ့အဖြစ် ခံယူလိုက်ပါတယ်။ “ဖြစ်နေတဲ့ ပဋိပက္ခတွေ စစ်ပွဲတွေ တရားလက်လွတ်ဖြစ်လုပ်နေတဲ့ ကိစ္စတွေမှာ ဘာသာရေး အဆုံးအမတွေက တကယ်ကို လက်တွေ့ မကြနေလို့ပဲ။ ဘာသာရှိတဲ့လူတွေဘက်က ကြည့်ကြည့် ဘာသာမရှိတဲ့လူတွေဘက်က ကြည့်ကြည့် ကိုယ်လုပ်ရင် ကိုယ်ရမယ်။ ဒါမှားနေရင် တုံ့ပြန်ရမယ်ပေါ့။ မှန်နေတယ်ဆိုရင် ဆက်လျှောက်ရမယ်ပေါ့။ ဒါက ဘာသာရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ လူတွေရဲ့ အတွေးအခေါ်က မှန်တယ်။ တကယ်လုပ်မှ တကယ်ရမှာလေ။ ဒါက ကိုယ်တိုင်လည်း သိတယ် လက်ခံရမယ့် အမှန်တရား ဖြစ်တယ်” ဆိုတာကို သိလိုက်လို့ ဘာသာမဲ့အဖြစ် ခံယူခဲ့တာ ဖြစ်တယ်လို့ ကစ်…

read more