ရန်ကုန်၊ ဒီဇင်ဘာ(၂၀) ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ (စ) ရပ်ကွက် က ကျောင်းဆရာမတစ်ဦးကို ဒီနေ့မနက်ပိုင်းမှာ အမည်မသိသူတွေက သေနတ်နဲ့ ပစ်ခတ်ခဲ့လို့ သေဆုံးသွားပြီ ဖြစ်တယ်လို့ ဒေသခံပြည်သူတွေဆီ က သိရပါတယ်။ “အပစ်ခံရတဲ့ ဆရာမက ဒေါ်နီလာရွှေ တဲ့၊ အငြိမ်းစားယူထားတာ၊ မနက်ဈေးသွားနေတုန်း အနောက်ကနေပစ်သွားတာ။ ကျည်ဆံတော်တော်ထိသွားတယ်ကြားတယ်၊ ဆေးရုံကိုပို့နေတုန်းလမ်းမှာ သေသွားပြီ” လို့ မြောက်ဥက္ကလာပမြို့နယ်မှာ နေထိုင်တဲ့ အမည်မဖော်လိုသူတစ်ဦးက ပြောပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာ(၅) ရက်နေ့ကလည်း ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်က အထက (၂) ကျောင်းကိုသွားဖို့ အငှားယာဉ်တက္ကစီနဲ့ ထွက်လာတဲ့ အထက်တန်းပြဆရာမ ဒေါ်လှလှသန်း ကို မြောက်ဥက္ကလာပမြို့နယ်၊ သုဓမ္မာလမ်းမကြီးပေါ် သုဓမ္မာလမ်း နဲ့ နွယ်နီလမ်းထောင့်မှာ မီးပွိုင့်မိနေချိန် အမည်မသိသူတွေက သေနတ်နဲ့ ပစ်ခတ်ခဲ့လို့ သေဆုံးသွားခဲ့ပါသေးတယ်။

read more