ရန်ကုန်၊မတ်(၅) မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၊ ချင်းသပြေပင်ကျေးရွာက အုပ်ချုပ်ရေးမှူး ဦးနန်းတင် နဲ့ ဒလန်လို့ လူပြောများနေတဲ့ ဦးဌေးမောင် တို့ မနေ့ညပိုင်းမှာ သေနတ်ပစ်ခံရတဲ့အတွက် နေရာမှာတင် သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

read more

ရန်ကုန်၊ဇန်နဝါရီလ(၆) ရန်ကုန်တိုင်းဒေသကြီး၊ ဒေါပုံမြို့နယ်၊ ကျည်စုရပ်ကွက်၊ ဓမ္မရိပ်သာလမ်း နဲ့ ကန်သာယာ (၂) လမ်း ထောင့် မှာ ဒီနေ့မနက် (၇) နာရီဝန်းကျင်က လမ်းဘေးဈေးဆိုင်ဖွင့် ရောင်းချနေသူ ဒေါ်ခင်စန်းလွင် ကို အမည်မသိသူက သေနတ် နဲ့ ပစ်ခတ်ခဲ့လို့ နေရာမှာတင် သေဆုံးသွားပြီ ဖြစ်တယ်လို့ ဒေသခံပြည်သူတွေဆီက သိရပါတယ်။ အထည်ရောင်းချသူ ဒေါ်ခင်စန်းလွင် ဟာ ဈေးဆိုင်ဖွင့်လှစ်ဖို့ ပြင်ဆင်နေချိန် အမျိုးသားတစ်ဦးက သေနတ် နဲ့ အနီးကပ် ပစ်ခတ်ခဲ့တဲ့အတွက် ဦးခေါင်းကျည်ထိမှန်ပြီး နေရာမှာတင် သေဆုံးခဲ့တာ ဖြစ်ပါတယ်။ စစ်တပ်က အာဏာသိမ်းပြီးနောက် စစ်ကောင်စီအဖွဲ့ နဲ့ ပတ်သက်တဲ့နေရာတွေမှာ ဖောက်ခွဲမှုတွေ ဆက်တိုက်ဖြစ်ပေါ်နေသလို မနေ့ကဇန်နဝါရီ (၅) ရက်နေ့မှာလည်း မရမ်းကုန်းမြို့နယ်က ရာအိမ်မှူးတစ်ဦး ပစ်ခတ်ခံခဲ့ရပါသေးတယ်။ အလားတူမနေ့က…

read more

ရန်ကုန်၊ ဒီဇင်ဘာ(၃၁) ရန်ကုန်တိုင်းဒေသကြီး၊ ဒေါပုံမြို့နယ်၊ ဆေးစက်ရပ်ကွက်၊ ဘုရင့်နောင်လမ်း မှာနေထိုင်တဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဝေဇင်အောင် ကို အမည်မသိသူနှစ်ဦးက ဒီနေ့မနက်ပိုင်းမှာ သေနတ်နဲ့ပစ်ခတ်ခဲ့လို့ သေဆုံးသွားပြီဖြစ်တယ်လို့ ဒေသခံပြည်သူတွေဆီက သိရပါတယ်။ “မနက်ကရပ်ကွက်ရုံးရှေ့မှာ ကွမ်းယာဝယ်တုန်းအပစ်ခံရတာ၊ လေးငါးချက်လောက်ထိတယ်၊ သူ့ဦးလေးလည်းထိတယ်၊ အုပ်ကြီးဆိုတဲ့ကောင်က ဆေးရုံပို့ပြီး နေ့လည်ပိုင်းလောက်မှာ သေတယ်လို့ သိရတယ်” လို့ အမည်မဖော်လို့တဲ့ ဒေါပုံမြို့နယ်မှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။ ဒီနေ့ မနက်(၈) နာရီကျော်က ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဝေဇင်အောင် ကို ဘက်ထရီစက်ဘီးစီးလာသူ နှစ်ဦးကပစ်ခတ်ခဲ့တဲ့အတွက် ဝမ်းဗိုက်နဲ့ ယာပေါင်မှာ ကျည်ထိမှန်ခဲ့ပြီးနောက် ဆေးရုံကိုပို့ဆောင် ဆေးကုသပေးနေချိန် ဒီနေ့နေ့လည်ပိုင်းမှာ သေဆုံးသွားတာဖြစ်တယ်လို့ သိရပါတယ်။ ဒီနေ့မနက်ပိုင်းမှာပဲ ရန်ကုန်တိုင်းအတွင်းက ကော့မှူးမြို့နယ်၊ ကျိုက်ထောက်ကျေးရွာက ရာအိမ်မှူး (၂) ဦး နဲ့ လှိုင်မြို့၊…

read more

စစ်ကိုင်းက အုပ်ကြီး သေနတ်ပစ်ခံရလို့ သေဆုံး ရန်ကုန်၊ ဒီဇင်ဘာ (၂၁) စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ ရွာသစ်ကြီးစံပြကျေးရွာ မှာ နေထိုင်တဲ့ သတင်းပေးဒလန်လို့ အုပ်ချုပ်ရေးမှူး လှိုင်လှိုင်ဝင်း သေနတ်ပစ်ခံရလို့ သေဆုံးသွားပြီ ဖြစ်တယ်လို့ သိရပါတယ်။ မြင်းမူအနက်ရောင် သိမ်းဌက်အဖွဲ့ နဲ့ Sagaing Special Attacking Force (SSAF) အဖွဲ့တွေဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ (၁၉) ရက် ည (၇) နာရီမှာ အုပ်ချုပ်ရေးမှူး လှိုင်လှိုင်ဝင်း ကို သေနတ်နဲ့ ပစ်ခတ်ပြီး ရှင်းလင်းလိုက်တာ ဖြစ်ပါတယ်။ လှိုင်လှိုင်ဝင်းဟာ အရင်က အပြစ်မဲ့ပြည်သူနှစ်ဦး ဗြောက်အိုးဖောက်တာကို PDF အဖွဲ့ဝင်တွေလို့ စွပ်စွဲပြီး စစ်ကောင်စီတွေကို သတင်းပေးဖမ်းခိုင်းခဲ့တာမျိုးတွေလည်း ရှိတယ်ခဲ့တယ်လို့ မြင်းမူအနက်ရောင် သိမ်းဌက်အဖွဲ့ က…

read more

ရန်ကုန်၊ဒီဇင်ဘာ(၁၉) ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ (၉)ရပ်ကွက်၊ မဟာမြိုင်လမ်း နဲ့ ဗန္ဓုလလမ်းထောင့် အနီးမှာ အမျိုးသားတစ်ဦးကို အမည်မသိသူတွေက ဒီနေ့မနက်ပိုင်းမှာ သေနတ်နဲ့ပစ်ခတ်ခဲလို့ နေရာမှာတင် သေဆုံးခဲ့တယ်လို့ ဒေသခံပြည်သူတွေဆီက သိရပါတယ်။ “အပစ်ခံရတဲ့ လူနာမည်က ဝင်းနိုင် တဲ့၊ ဈေးကပြန်လာတုန်း အနောက်က ကားပေါ်မှာ ပါလာတဲ့လူတွေက ပစ်သွားတာ၊ လေးငါးချက်လောက်ရှိတယ်၊ ပွဲချင်းပြီးသေတယ်၊ ဘာကြောင့်ပစ်လဲဆိုတာတော့ မသိဘူး” လို့ဒေသခံတစ်ဦးကပြောပါတယ်။ စစ်အာဏာရှင်ကို ခုခံတော်လှန်နေတဲ့ တော်လှန်ရေးအင်အားစု တွေက စစ်တပ်ရဲ့သြဇာခံ သတင်းပေးဒလန်တွေကို ပစ်ခတ်ရှင်းလင်တာတွေရှိနေသလို စစ်တပ်လက်ကိုင်တုတ် ပျူစောထီးအဖွဲ့ဝင်တွေဆိုသူတွေကလည်း ပစ်ခတ်လုပ်ကြံတာတွေလည်း ရှိနေပါတယ်။ ဒီနေ့မနက်ပိုင်းမှာ ရွှေပြည်သာမြို့နယ်က ဦးဝင်းနိုင် ပစ်ခတ်ခံရတာနဲ့ ပတ်သက်လို့ C8News Media အနေနဲ့ ဘာကြောင့်ပစ်ခတ်ဆိုတာနဲ့ ပတ်သက်ပြီး သီးခြားအတည်ပြုနိုင်တာ မရှိသေးပါဘူး။

read more