ရန်ကုန်၊ ဇန်နဝါရီ (၁၀) မြန်မာနိုင်ငံ စစ်ကောင်စီ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ မြေးတစ်ဦး ရဲ့ နှလုံး ကို ခွဲစိတ် ဖို့အတွက် အိန္ဒိယနိုင်ငံက ဆရာဝန်ကြီး တွေကို မြန်မာနိုင်ငံအတွင်း ပင့်ဖိတ်ခဲ့တယ်လို့ India Today သတင်းဌာနမှ သတင်းဖော်ပြခဲ့ပါတယ်။ သတင်းထဲမှာ စစ်ကောင်စီ အကြီးအကဲ ကို မြန်မာနိုင်ငံရဲ့ ဝန်ကြီးချုပ်အဖြစ် ရည်ညွှန်းထားတာကိုလဲ တွေ့မြင်ရပါတယ်။ မြန်မာနိုင်ငံ ဝန်ကြီးချုပ် ရဲ့ မြေးဖြစ်သူ (၉) လ သားအရွယ် ကလေးငယ် ဟာ မွေးရာပါ နှလုံးရောဂါ ခံစားနေရပြီး ကလေးငယ် ရဲ့ ရောဂါကို ခွဲစိတ်ကုသဖို့အတွက် အိန္ဒိယနိုင်ငံ၊ ဟိုက်ဒရာဘတ်မြို့ က ဆရာဝန် တွေကို ပင့်ဖိတ်ခဲ့တာ ဖြစ်ပါတယ်။ ခွဲစိတ်မှုကို…

read more