ရန်ကုန်၊ ဖေဖော်ဝါရီ (၈) စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်တောင်ပိုင်းမှာ ရှိတဲ့ PDF စခန်းတစ်ခုကို အကြမ်းဖက်စစ်တပ်က အင်အား တစ်ထောင်ကျော်အသုံးပြုပြီး ထိုးစစ် ဆင်တိုက်ခိုက်နေတယ်လို့ သိရပါတယ်။

read more

ရန်ကုန်၊ ဖေဖော်ဝါရီ (၆) စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့ပေါ်မှာတဲ့ ရဲစခန်း နဲ့ ထွေအုပ်ရုံး ကို ဝင်တိုက်ရာ အကြမ်းဖက်စစ်တပ်က ပြည်သူ့နေအိမ်ကို မီးရှို့အကာကွယ်ယူလို့ တိုက်ပွဲကနေ ဆုတ်ခွာပေးလိုက်ရတယ်လို့ ပုလဲမြို့နယ်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။ “ကျနော်တို့က ဝင်တိုက်တဲ့အချိန် သူတို့က ပြည်သူ့နေအိမ် မီးရှို့တော့ ပြန်ဆုတ်ပေးလိုက်ရတာ၊

read more

ရန်ကုန်၊ ဖေဖော်ဝါရီ (၂) မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေပဟာ ပြည်ပ ပယောဂအနှောင့် အယှက်တွေ ကင်းရှင်းစေဖို့နဲ့ ပြည်တွင်းနိုင်ငံရေးဖြစ်စဉ်တွေကို တရားဥပဒေဘောင် အတွင်းက အေးချမ်းတည်ငြိမ်စွာ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြဖို့ လိုအပ်တယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင် က ပြောဆိုလိုက်ပါတယ်။

read more

ရန်ကုန်၊ ဖေဖော်ဝါရီ (၂) ပြည်သူတွေရဲ့ Silent Strike (တိတ်ဆိတ်ခြင်းသပိတ်) အောင်မြင်ခြင်းကို ဂုဏ်ပြုတဲ့အနေနဲ့ ဒီနေ့ မနက်အစောပိုင်းက မြင်းမူမြို့အဝင် တိုးဂိတ်မှာ ဗုံး (၆) လုံးခွဲ တိုက်ခိုက်ခဲ့တယ်လို့ Black Eagle Defence Force-MMU က ပြောပါတယ်။

read more

ရန်ကုန်၊ ဇန်နဝါရီ (၂၉) စစ်ကိုင်းတိုင်းဒေကြီး၊ ပုလဲမြို့နယ်၊ ဇီးဖြူကုန်းရွာ က အကြမ်းဖက်စစ်တပ် နဲ့ ပျူစောထီးသင်တန်း ပေးနေသူတွေ ကို ဒရုန်း နဲ့ ထပ်မံတိုက်ခိုက်ခဲ့ရာ (၅) ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။ မနေ့ ညနေ (၄) နာရီဝန်းကျင် က အောင်ဆန်းတပ်ဖွဲ့ နဲ့ ပုလဲ ပ.က.ဖ မဟာမိတ်တပ်ပေါင်းစုတွေက တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ တိုက်ပွဲမှာ အကြမ်းဖက်စစ်တပ် က ကြောက်လန့်တကြား ရမ်းသမ်းပစ်ခတ်မှုတွေ ရှိခဲ့ပေမယ့် မိမိတို့ မဟာမိတ်ရဲဘော်တွေ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်လို့ အောင်ဆန်းတပ်ဖွဲ့ က ထုတ်ပြန်ထားပါတယ်။ ပုလဲမြို့နယ်၊ ဇီးဖြူကုန်းရွာ မှာ အကြမ်းဖက်စစ်တပ် က အခြေပြုတပ်စွဲကာ ပျူစောထီးသင်တန်းပေးနေ လို့ ဇန်နဝါရီလ (၂၈) ရက်နေ့ကလည်း ဒေသခံပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့တွေက…

read more

ရန်ကုန်၊ဇန်နဝါရီ(၁၅) စစ်ကိုင်းတိုင်းဒေသကြီး၊ မြောင်မြို့နယ် အတွင်းမှာ အကြမ်းဖက်စစ်တပ် က မီးရှို့ဖျက်ဆီးခဲ့တဲ့ ကျေးရွာအတွင်းက ပြည်သူတွေကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေ စုပေါင်းပြီး မနေ့က ဇန်နဝါရီ (၁၄) ရက်နေ့မှာ သွားရောက်ကူညီလှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ မြောင်မြို့နယ်၊ ဆွဲလဲအိုကျေးရွာ နဲ့ နဘက်ကျေးရွာ က မီးဘေးသင့်ပြည်သူတွေကို Myaung Union Army-MUA ၊ အမျိုးသမီးပြောက်ကျား စစ်သည်တော်များအဖွဲ့(မြောင်)-M2W နဲ့ မြောင်မြိုနယ် ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့- CDSOM က ပူးပေါင်းကူညီလှူဒါန်းခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ(၁၁)ရက်နေ့မှာ နဘက်ကျေးရွာက နေအိမ်(၆)လုံး နဲ့ ဆွဲလဲအိုကျေးရွာ က နေအိမ်(၁၃) လုံးကို စစ်ကောင်စီလက်အောက်ခံ စစ်သားတွေက အကြောင်းမဲ့ မီးရှို့ဖျက်ဆီးခဲ့တာ ဖြစ်ပါတယ်။ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေကို…

read more

ရန်ကုန်၊ ဒီဇင်ဘာ(၂၀) စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့နယ်၊ ချင်းတွင်းမြစ်ကြောင်းမှာ ဒီဇင်ဘာ(၁၈) ရက်နေ့က အကြမ်းဖက်စစ်တပ်နဲ့ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေရဲ့ တိုက်ပွဲမှာ အာဠာဝက ပြောက်ကျားတပ်ဖွဲ့က တပ်သား (၁) ဦး ကျဆုံးခဲ့တယ်လို့ သိရပါတယ်။ စစ်ကောင်စီတပ်တွေက ရေကြောင်း၊ ကုန်းကြောင်းကတဆင့် လက်နက်ကြီးပစ်ကူတွေနဲ့ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တဲ့အတွက် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက ပြန်လည်ဆုတ်ခွာချိန် တပ်သား မင်းခန့်ကျော် ကို အကြမ်းဖက်စစ်တပ်က ဖမ်းဆီးရမိပြီး အနီးကပ်ပစ်သတ်ခဲ့တာဖြစ်တယ်လို့ အာဠာဝက ပြောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။ ကျဆုံးသွားတဲ့ ရဲဘော် မင်းခန့်ကျော် ဟာ အသက်(၁၈) နှစ် မပြည့်သေးသူတစ်ဦးဖြစ်ပြီး မနေ့က ဒီဇင်ဘာ(၁၉) ရက်နေ့မှာ ဈာပနကျင်းပပြုလုပ်ပေးခဲ့တာဖြစ်တယ်လို့ အာဠာဝက ပြောက်ကျားတပ်ဖွဲ့ ဆီကသိရပါတယ်။

read more