အဓမ္မအာဏာသိမ်းထားတဲ့ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ကို အား‌ပေးကူညီထောက်ခံနေတဲ့ ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆင် ဒီနေ့မနက်ပိုင်းမှာ နေပြည်တော် ကို ထွက်ခွာလာပြီ ဖြစ်တယ်လို့ သိရပါတယ်။

read more

ရန်ကုန်၊ဒီဇင်ဘာ(၂၅) မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ (၇၈) လမ်း နဲ့ (၃၈) လမ်း ထောင့်မှာရှိတဲ့ စစ်တပ်ကခေါင်းဆောင်ပိုင်းတွေ ပိုင်ဆိုင်တဲ့ ရတနာပုံခန်းမ အနီးမှာ ဒီနေ့မနက်ပိုင်းက ပေါက်ကွဲမှု တစ်ခုဖြစ်ခဲ့တယ်လို့ ဒေသခံပြည်သူတွေဆီက သိရပါတယ်။ “ဒီနေ့မနက်(၇) နာရီကျော်လောက်ကပေါက်တာ၊ မိန်းခလေးတစ်ယောက် လာပစ်တာလို့သိရတယ် ပစ်ရင်းနဲ့ပေါက်သွားလို့ သူလည်းထိတယ်” လို့ မန္တလေးမြို့ခံပြည်သူတစ်ဦးက ပြောပါတယ်။ ရတနာပုံခန်းမ ဟာ စစ်တပ်ကအာဏာအဓမ္မသိမ်းယူပြီးနောက် မေ (၁၇) ရက်မှာ အကြမ်းဖက် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက် ဖွင့်လှစ်ပေးခဲ့တဲ့ နေရာဖြစ်ပါတယ်။

read more

ရန်ကုန်၊ ဒီဇင်ဘာ(၂၃) စစ်သားတွေရဲ့အဓိက တာဝန်ဟာ နိုင်ငံတော်ကာကွယ်ရေး ဖြစ်ပေမယ့် နိုင်ငံရေး အရ ဝင်ရောက်စွက်မှု၊ စီးပွားရေး ပိတ်ဆို့မှုတွေကိုပါ ကာကွယ်နိုင်ရေး ဆောင်ရွက်ကြရမှာ ဖြစ်တယ်လို့ အကြမ်းဖက် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြောပါတယ်။ ဘွဲ့ရအမျိုးသမီး ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၈) သင်တန်းဆင်းပွဲမှာ သူကအခုလို ပြောဆိုလိုက်တာ ဖြစ်ပါတယ်။ “တပ်မတော်အနေနဲ့ အခြေခံအကျဆုံးတာဝန်က နိုင်ငံတော်ကာကွယ်ရေး တာဝန်ပင် ဖြစ်ပါတယ်။ သာမန်အားဖြစ် နိုင်ငံတော်ကိုထိပါးလာမယ့် ပြည်တွင်း၊ ပြည်ပ အန္တရာယ်တွေကို ကာကွယ်ချေမှုန်း တိုက်ခိုက်သွားဖို့ ဖြစ်ပေမယ့်လည်း ဒီနေ့ခေတ် အချိန်ကာလမှာ စစ်ရေးနည်းလမ်းသာမက နိုင်ငံရေးအရ ဝင်ရောက်စွက်ဖက်မှု၊ စီးပွားရေးအရ ပိတ်ဆို့မှု၊ သတင်းမှားများဖြန့်ချိမှု၊ ယဉ်ကျေးမှုအရ ထိုးဖောက်ဝင်ရောက်မှု စတဲ့ အန္တရာယ်တွေကိုပါ ကာကွယ်နိုင်ရေး ဆောင်ရွက်သွားကြဖို့ လိုပါတယ်”…

read more