ရန်ကုန်၊ဇွန်(၂၃) ဗုဒ္ဓဟူးနေ့က အာဖဂန်နစ္စတန်မှာ အင်အားပြင်းငလျင်လှုပ်ခတ် မှုကြောင့် သေဆုံးသူ ဦးရေ (၁၀၀၀) အထိရှိခဲ့တယ်လို့ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေး အာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။ ဒဏ်ရာရရှိသူ ၁၅၀၀ ကျော်ရှိခဲ့ပြီး ဝေးလံခေါင်သီတဲ့ တောင်ပေါ်ကျေးရွာတွေက အချက်အလက်တွေ ထွက်ပေါ်လာဦးမှာဖြစ်တဲ့အတွက် သေဆုံးသူဦးရေ တိုးလာနိုင်ဖွယ်ရှိပါတယ်။

read more