ရန်ကုန်၊ ဇန်နဝါရီ (၂၀) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ USDP ဝင် နေအိမ်အတွင်းကို စစ်ကောင်စီလက်အောက်ခံ ရဲ နဲ့ စစ်သားတွေ ရောက်ရှိနေချိန်မှာ ဗုံးပစ်ခံခဲ့ရတယ်လို့ ဒေသခံပြည်သူတွေဆီက သိရပါတယ်။ မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ အရှေ့ပတ္တားရပ်၊ အမေတက်သိမ်းနတ်နန်း အနီးက USDP ပါတီဝင် ညွန့်ဝင်း ရဲ့ နေအိမ်ကို မနေ့ နေ့လည်ပိုင်းက ရဲ၊ စစ်သား (၇) ဦး စုဝေးရောက်ရှိနေချိန်မှာ ဗုံးပစ်တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ အဆိပ်ပြင်းသောလူငယ်များ(မန္တလေး) က ပြောပါတယ်။ “ကျတော်တို့အဖွဲ့တွေ နေအိမ်အတွင်းကို သံပုရာသီး တလုံးပစ်ကြွေး ဆုံးမလိုက်တယ်။ အထိအခိုက်စာရင်းကို ဆက်လက် စုံစမ်းနေဆဲ” ဖြစ်တယ်လို့ သူတို့ရဲ့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။ အဆိပ်ပြင်းသောလူငယ်များ(မန္တလေး) အဖွဲ့ဟာ အခုလ ဇန်နဝါရီ (၁၂) ရက်နေ့ကလည်း…

read more